ဇန်နဝါရီ ၂၆
ပေါ့ပါးစွာအသုံးပြုနိုင်မည့် Laptop ကို Asus က မိတ်ဆက်လိုက်သည်။ ZenBook 14(UX425) အသစ်ကို ပေါ့ပါးစွာဖြင့်သယ်ဆောင်ရလွယ်ကူစေနိုင်ရန်အတွက် ဖန်တီးပြုလုပ်ပေးထားပြီး HDMI, Thunderbolt ™ 3 USB-C®, USB Type-A နှင့် MicroSD card reader တို့ကိုလည်း ကျစ်ကျစ်လျစ်လျစ်ဖြင့်ထည့်သွင်းတည်ဆောက်ပေးထားပြီး စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် တည်ဆောက်ထားသော ZenBook 14 က အသုံးပြုသူကို စိတ်တိုင်းကျစေနိုင်မည့် အမျိုးအစားတစ်ခုဖြစ်သည်။
အဆိုပါ Laptop ကို အားသွင်းကြာချိန် ၄၉ မိနစ်ခန့်သာကြာမြင့်မည်ဖြစ်ပြီး အသုံးပြုရာတွင် ဘက်ထရီအားခံနိုင်ရည်မှာ ၂၁ နာရီကြာအသုံးပြုနိုင်စွမ်းရှိသောကြောင့် အဆိုပါ Laptop နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ်လေ့လာလိုသူများအနေဖြင့် ဖော်ပြပါလင့်ခ် http://bit.ly/ 3nQWGGm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။
(HWY)