နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Samsung Galaxy S21 Series 5G မိတ်ဆက်ပွဲကို ယခုလထဲတွင်ကျင်းပပြုလုပ်သွားမည်

ရန်ကုန် ဇန်နဝါရီ ၂၃


၂၀၂၁ ခုနှစ်၏ နှစ်သစ်တွင် အခမ်းနားဆုံး ပွဲဦးထွက်ဝင်ရောက်လာသည့် Samsung Galaxy S21 Series 5G မိတ်ဆက်ပွဲကို လာမည့် ဇန်နဝါရီလ ၂၉ ရက် ည (၇) နာရီတွင် Live Launch အနေဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါမိတ်ဆက်ပွဲ၏ Facebook Live ကို ကြည့်ရှုပြီး Galaxy S21+ 5G, Galaxy Buds Pro နှင့် Galaxy Buds Live စသည့် ဆုလက်ဆောင်များကိုပါ  ကံထူးခွင့်ရရှိနိုင်မည့်အစီအစဉ် များလည်းထည့်သွင်းပေးထားသည်။  ပါဝင်ကံစမ်းလိုသူများအနေဖြင့် အစီအစဉ်အားလုံးတွင် ကံထူးနိုင်ရန် Samsung Myanmar Facebook Page တွင်ပေးထားသည့် Galaxy S21 Series 5G ၏ Profile Frame ပြောင်းထားပေးရမည်။ ယခုဖော်ပြပါ profile frame link သို့ https://bit.ly/3iDUm4M ဝင်ရောက်ပြီး ပြုလုပ်နိုင်ပြီဖြစ်သည်။ 

Galaxy Buds Live ကံထူးလိုသူများအနေဖြင့် ဇန်နဝါရီလ ၂၉ ရက် Samsung Myanmar Facebook Page တွင် ထုတ်လွှင့်မည့် Live Video ကို #GalaxyS21Series5G #GalaxyEvent #SamsungMM စသည့် hashtag များအသုံးပြုပြီး Public setting ဖြင့်ရှယ်ပေးရမည်ဖြစ်ပြီး ယင်း Hashtag (၃) ခုကို Live Video တွင် Comment ရေးပေးရမည်ဖြစ်သည်။ နောက်ထပ် လက်ဆောင်တစ်ခုဖြစ်သည့် Galaxy Buds Pro ကံထူးလိုသူများအနေဖြင့်  Live Video သို့ ဝင်ရောက်ကြည့်ရှုပြီး Galaxy S21 Series 5G ၏ အကြိုက်ဆုံး Feature တို့ကို Comment တွင်ရေးပေးခဲ့ရမည်။ အထူးခြား အခမ်းနားဆုံး Galaxy S21+ 5G ကိုကံထူးလိုသူများအနေဖြင့် ဇန်နဝါရီ ၂၉ ရက်တွင် ပြသသွားမည့် Live မိတ်ဆက်ပွဲသို့ ဝင်ရောက်ကြည့်ရှုပြီး #GalaxyS21Series5G #GalaxyEvent #SamsungMM စသည့် hashtag များအသုံးပြုပြီး Public setting ဖြင့် Live Video ကိုရှယ်ထားရမည်ဖြစ်ပြီး Live video ထဲတွင်မေးထားသည့် မေးခွန်း ၄ ခုကို Comment တွင် နံပါတ်စဉ်တပ်ပြီး မှန်ကန်စွာဖြေဆိုပေးရမည်ဖြစ်သည်။ ဖော်ပြပါအချက်အလက်များကိုလုပ်ဆောင်ပြီး ပါဝင်ကံစမ်းနိုင်ပြီဖြစ်သည့်အပြင် Live ထုတ်လွှင့်နေစဉ်အချိန်အတွင်းမှာလည်း ထပ်မံပြီး Galaxy Buds Pro ၁ လုံးကိုပါ ကံထူးနိုင်မည့်အစီအစဉ်များရှိသောကြောင့် Live Video ကို စောင့်မျှော်ကြည့်ပြီး ကံထူးနိုင်မည်ဖြစ်သည်။ 

(WP)






အခြားဆက်စပ်သတင်းများ