နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာအဆင့်မီ ''the Hangar'' ဈေးရုံသစ်ကြီးဖွင့်လှစ်

ရန်ကုန် ဇန်နဝါရီ ၂၃


ရန်ကုန်မြို့တွင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်ကိုပြေးဆွဲပေးမည့် YBS ယာဉ်လိုင်းရပ်နားရန်နေရာဘေး၊ Star City အိမ်ရာဝင်းအတွင်း၌ တည်ဆောက်ထားသည့် ''the Hangar''ဈေးရုံသစ်ကြီးကို ဇန်နဝါရီ ၂၃ ရက်၊ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

သန်လျင်မြို့ရှိ Star City အိမ်ရာဝင်းအတွင်းတည်ဆောက်ထားသည့် ယင်းဈေးရုံသစ်ကြီးကိုလေယာဉ် သိုလှောင်ရုံပုံသဏ္ဌာန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီးကုန်စိမ်း၊ ကုန်ခြောက်ဈေးတန်းများအပါအဝင်  စားသောက်ဆိုင် တန်းများပါ တွဲလျက်ပါရှိသည်။

''ဒီဈေးရုံသစ်က Wet Market ပါဝင်ဆောက်လုပ်ထားတဲ့ ဈေးရုံသစ်ကြီးပါ။ သူများဈေးတွေနဲ့မတူတာက Supplier တွေကိုယ်တိုင် အစားအစာတွေကိုတိုက်ရိုက်ရောင်းချပေးတာဖြစ်ပါတယ်''ဟု the Hangar ဈေးရုံသစ်၏ စီမံခန့်ခွဲသူဦးမြင့်လွင်ကပြောသည်။

ယခုကဲ့သို့စတင်ဖွင့်လှစ်လိုက်သော်လည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စားသောက်ဆိုင် များကို ပါဆယ်စနစ်ဖြင့်သာရောင်းချစေမည်ဖြစ်ပြီးအသား၊ ငါးနှင့် ကုန်ခြောက်ဈေးကိုတော့ မည်သူမဆို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါဈေးရုံသစ်ရှိသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများပါဝင်သည့် ကုန်စိမ်းဈေးတန်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး စားသောက်ဆိုင်တန်းကို နံနက် ၆ နာရီမှ ည ၉ နာရီ အထိဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

''the Hangar''ဈေးရုံသစ်သည် စတုရန်းပေ ၉၀၀၀ ကျော်ကျယ်ဝန်းပြီး ဈေးရုံသစ်အတွင်းရှိ Wet Market ဘက်တွင် ၆ ပေပတ်လည်ရှိဈေးဆိုင်ခန်းပေါင်း ၃၂ ခန်းနှင့် စားသောက်ဆိုင်တန်းဘက်တွင် ၁၀ ပေပတ်လည်ရှိ စားသောက်ဆိုင်ခန်းပေါင်း ၁၂ ခန်းပါဝင်ကြောင်းသိရသည်။                                      (KST)






အခြားဆက်စပ်သတင်းများ