နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားသုံးရန်မသင့်သော အမှတ်တံဆိပ်ပါ စားသောက်ကုန် ၅ မျိုးကို အများပြည်သူသိရှိစေရန် သက်ဆိုင်ရာမှ သတိပေးကြေညာချက် ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၃


ပြည်တွင်းဈေးကွက်၌ ရောင်းချနေသော စားသုံးရန်မသင့်သည့် အမှတ်တံဆိပ်ပါ စားသောက်ကုန်  ၅ မျိုးနှင့် ပတ်သက်၍ အများပြည်သူသိရှိစေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ သတိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ပြည်တွင်းရှိ ပြည်သူများအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများ၊ စားသောက်ကုန်များ၊ အလှကုန် ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရန် ဈေးကွက်များအတွင်းရှိ ကုန်ပစ္စည်းများအား အရည်အသွေးစိတ်ချရပြီး ဘေးဥပဒ် ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာမှ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ ကြီးမှူးဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့ဆောင်ရွက်ရာတွင် ယခုရက်ပိုင်းအတွင်း ပြည်တွင်းဈေးကွက်၌ တွေ့ရ သော အမှတ်တံဆိပ်ပါ စားသောက်ကုန် ၅ မျိုးတွင် စားသုံးသူများ၏ ကျန်းမာရေးကိုအန္တရာယ်ဖြစ်စေနိုင်သည့် ခွင့်မပြုဓာတုဆိုးဆေးများနှင့် တာရှည်ခံဓာတုပစ္စည်းများ ပါဝင်နေခြင်း၊ ခွင့်ပြုဓာတုပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲထားခြင်းများ စစ်ဆေးတွေ့ရှိရသည့်အတွက် အများပြည်သူစားသုံးရန်မသင့် သော စားသောက်ကုန်များအဖြစ် သတိပေးကြေညာထားကြောင်း သိရသည်။

ထိုစားသောက်ကုန်ပစ္စည်း ၅ မျိုးတွင် လွင်လွင်မက်မန်းသီး၊ ထန်းပင်ပုံနှင့် ထိုင်းစာသားပါ ထန်းလျက်ပျော့၊ တရုတ်စာသားပါ ချစ်သူဘယ်ရီသီး၊ JINYUANZHU FOOD လိမ္မော်ခွံနှင့် မြင့်မြတ်ဇော် မက်မန်းသီးတို့ ပါဝင်သည်။ ပြည်တွင်း၌ စားသောက်ကုန်များတွင် စားသုံးသူများအား ဘေးဥပဒ်ဖြစ်စေနိုင်သော ဓာတုဗေဒပစ္စည်းများနှင့် ခွင့်မပြုဆိုးဆေးများ ထည့်သွင်းအသုံးပြုခြင်းကို သက်ဆိုင်ရာမှတားမြစ်ထားပြီး ခွင့်ပြုထားသော ဓာတုပစ္စည်း များကိုလည်း သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်သက်ဆိုင်ရာမှ ညွှန်ကြားထားရာ လိုက်နာဆောင်ရွက် ခြင်း မရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ - ၂၈(က)အရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း FDA မှ ကြေညာချက်တွင် ဖော်ပြထားသည်။


 (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ