နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေးမျက်နှာမြို့နယ်၌ သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လေးမျက်နှာ ဇန်နဝါရီ ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိုင်သပြုကျေးရွာအုပ်စု၊ သခင်ဖိုးလှကြီးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခွင့်ပြု ရန်ပုံငွေဖြင့် သောက်သုံးရေဖူလုံစွာရရှိရေး၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးခဲ့စဉ်။

(သခင်ဖိုးလှကြီးကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခွင့်ပြုရန်ပုံငွေကျပ် (၁၀ ဒသမ ၆၇) သန်းဖြင့် အကျယ် ၄ လက်မ အနက် ၄၀၀ ပေ ခန့်ရှိစက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၀၀၀ ဆံ့အုတ်ရေကန်တည်ဆောက်ခြင်း၊ အလျား ၁၂ ပေ၊ အနံ ၆ ပေ၊ အမြင့် ၅ ပေ ရှိရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ထွန်းလသာကုမ္ပဏီမှဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးပါကကျေးရွာအိမ်ခြေ ၉၃ အိမ်၊ လူဦးရေ ၃၆၀ နှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် နွေရာသီသောက်သုံးရေအခက်အခဲများအဆင်ပြေမည်။)

ဝေဝေ(လေးမျက်နှာ)






အခြားဆက်စပ်သတင်းများ