နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာ ပညာဒါနသင်တန်းကျောင်း တက်ရောက်လိုသူများ စာရင်းသွင်းနိုင်

ရန်ကုန် ဇန်နဝါရီ ၂၂


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ဦးဆောင်မှုအောက်တွင် ရွှေပြည်သာမြို့နယ်၌ ဖွင့်လှစ်ထားသော "စု" အသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) ပညာဒါနသင်တန်းကျောင်းနှစ်ကျောင်း ဖြင့် သင်တန်းများပို့ချလျက်ရှိရာ ဂျပန်ဘာသာစကား N5 Level သင်တန်းသစ်အား ကျောင်းတက်နှင့် Online တက်သင်စနစ်ဖြင့် မကြာမီဖွင့်လှစ်သင်ကြားတော့မည်ဖြစ်၍ တက်ရောက်လိုသည့်သင်တန်းသားများကို လက်ခံနေပြီးဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်က သင်တန်းကျောင်းတာဝန်ခံဦးဇော်မြတ်လင်းထံမှသိရသည်။

သင်တန်းသားကို မြို့တွင်းနဲ့ နယ်ဝေးနှစ်မျိုးခွဲလက်ခံနေပါတယ်။ မြို့တွင်းနေ့ကျောင်းတက်မယ့်သူဆို ရင်မိဘကိုယ်တိုင် လာရောက်စာရင်းသွင်းအပ်နှံရမယ်။ နယ်ဝေးကသူကျတော့ သင်တန်းကျောင်းကိုဖုန်းဖြင့် ဆက်သွယ်ပြီးမှ သင်တန်းကျောင်း အီးမေး၊ လိပ်စာ စာရင်းသွင်းအပ်နှံရမယ်။ သင်တန်းသားလက်ခံပြီးတာနဲ့တတ်ရောက်ဦးရေကြည့်ပြီး သင်ကြားသင်ယူမှု အချိန်ကာလကိုထုတ်ပြန်ကြေညာမည်ဟု သင်တန်းကျောင်းတာဝန်ခံက ပြောသည်။

Suu vocational institute shwepyithar (နှင့်) Kazumichi japanese languages center တို့ပူးပေါင်း၍ "စု" အသင်မွေးဝမ်းကျောင်းသိပ္ပံ(ရွှေပြည်သာ) ပညာဒါနသင်တန်းကျောင်း အမှတ်(၂) တွင်ဂျပန်ဘာသာစကား N5/N4 Level အားသင်ယူပြီးမြောက်ကြသည့် သင်တန်းသား၊သင်တန်းသူ များအား ဂျပန်ဘာသာစကား N4 Level အားကျွမ်းကျင်စွာတတ်မြောက်ကြစေရန်အတွက် စွမ်းရည်မြှင့်သင်တန်းအား ဇန်နဝါရီလ ၁၂ ရက်နေ့မှစတင်၍ ဧပြီလ ၁၂ ရက်နေ့အထိ သုံးလသင်ကြားပေးလျက်ရှိသည်။ ထို့အပြင် အမှတ်(၁) သင်တန်းကျောင်းတွင်လည်း  N5 အပတ်စဉ်(၅) နှင့် (၆) အားစတင်သင်ကြားပို့ချပေးလျက်ရှိသည်။

ယခုဖွင့်လှစ်မည့်သင်တန်းသစ်အား မြို့ကျော်နယ်ကျော်ရပ်ဝေးမှသင်ကြားလိုကြသည့် လူငယ် လူရွယ်များကို ဂျပန်ဘာသာစကား N5 Level အား Online class အမှတ်စဉ် (၂) အဖြစ်သင်ကြားပို့ချခြင်း ဖြစ်ကြောင်းသိရသည်။ တတ်ရောက်သင်ယူလိုကြသည့်သင်တန်းသား၊ သင်တန်းသူ များသည် ယနေ့မှစ၍ ဖုန်းနံပါတ်- 09884521967/09884521968 သို့ဆက်သွယ်၍ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။ 

မြင့်သန်းကြည်(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ