နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာအမျိုးသားလေကြောင်း (MNA) ရန်ကုန် - မြိတ် ခရီးစဉ်ကို Embraer 190 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးသွားမည်

ရန်ကုန် ဇန်နဝါရီ ၂၂


မြန်မာအမျိုးသားလေကြောင်း (MNA) ရန်ကုန် - မြိတ် ခရီးစဉ်ကို ၆၃၀၀၀ ကျပ် နှင့် မြိတ် - ရန်ကုန် ခရီးစဉ်ကို ၆၁၀၀၀ ကျပ်မှ စတင်၍ဝယ်ယူနိုင်ပြီး ခရီးစဉ်ကို Embraer 190 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးမှာဖြစ်ပြီး ခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို ဖော်ပြပါလင့်ခ် www.flymna.com/plan-a-trip/flight-schedule တွင် အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ပြီဖြစ်သည်။ 

မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်လက်မှတ်များကို ယခုဖော်ပြပါလင့်ခ် www.flymna.com တွင် Credit Card၊ Debit Card၊ MPU Card၊ Bank Transfer နှင့် 123 Service (Over the counter၊ Mobile Banking၊ i-Banking၊ Wallet) တို့အသုံး ပြု၍ မြန်မာကျပ်ငွေ (MMK) ဖြင့်ဝယ်ယူနိုင်ပြီဖြစ်သည့်အပြင် MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့ဆက်သွယ်၍ လက်မှတ်ဝယ်ယူမှုနှင့် ခရီးစဉ် အသေးစိတ်အချက်အလက်စုံစမ်းမေးမြန်းမှုများ ပြုလုပ် နိုင်ပြီဖြစ်သည်။                  


(WP)






အခြားဆက်စပ်သတင်းများ