နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတွင် လွန်ခဲ့သော ငါးနှစ်ကျော်ကာလအတွင်း ဆိုက်ဘာမှုခင်းပေါင်း ၂၃၀ဝ ခန့် ဖြစ်ပွား

မြဝတီ ဇန်နဝါရီ ၂၂


မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ လွန်ခဲ့သော ငါးနှစ်ကျော်ကာလအတွင်း ဆိုက်ဘာမှုခင်းပေါင်း ၂၃၀ဝ ခန့် ဖြစ်ပွားခဲ့ကြောင်း မှုခင်းရဲတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာနမှ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် ပြည်တွင်း၌ ဆိုက်ဘာမှုခင်းများအား ဖြေရှင်းနိုင်ရေးအတွက် နည်းပညာမှုခင်းဌာနကို လွန်ခဲ့သော ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ ထိုအချိန်မှစ၍ ယခု ၂၀၂၁ ခုနှစ်၊ နှစ်စပိုင်း အထိ စုစုပေါင်းဆိုက်ဘာမှုခင်း ၂၃၀ဝ ခန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆိုက်ဘာမှုခင်းများထဲတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နှင့်သက်ဆိုင်တဲ့ အမှုပေါင်း ၂၀ဝ၀ ခန့်နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ) နှင့် သက်ဆိုင်သော အမှုပေါင်း ၃၀ဝ ခန့် ပါဝင်ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားခဲ့သော ဆိုက်ဘာမှုခင်းများထဲတွင် အွန်လိုင်းအသုံးပြုကာ တစ်နည်းမဟုတ်တစ်နည်းဖြင့် ငွေကြေး လိမ်လည်သောအမှုပေါင်း ၂၈၀ ကျော်ရှိပြီး အများဆုံးဖြစ်ကြောင်း၊ အခြားဆိုက်ဘာမှုခင်းများထဲတွင် အွန်လိုင်းအသုံးပြုပြီး အသရေဖျက်ခြင်း၊ အမုန်းစကားပြောခြင်း၊ Facebook Account ခိုးယူခြင်းနှင့် အခြားမှုခင်းများလည်း ပါဝင်ကြောင်း သိရသည်။ 

ယခုအခါ ပြည်တွင်း၌ အင်တာနက်မှတစ်ဆင့် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း၊ စော်ကားခြင်းများနှင့် ပတ်သက်၍ ခိုင်လုံသော သက်သေအထောက်အထားများရှိပါက သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် တိုင်ကြားနိုင်ပြီး Account အတုများဖြင့် တိုက်ခိုက်လာသူများကိုလည်း ကွန်ပျူတာကျွမ်းကျင်ပညာရှင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းဖော်ထုတ်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။       

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ