နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
JOOX မှ The Boombox Entertainment နှင့်ပူးပေါင်းထုတ်လုပ်သည့် The X-Hibition JOOX Original Album ကိုနားဆင်နိုင်မည်

ရန်ကုန် ဇန်နဝါရီ ၂၂

 

JOOX အက်ပလီကေးရှင်းမှ ၂၀၂၁ ခုနှစ်တွင်ပထမဦးဆုံးအနေဖြင့်ထွက်ရှိမည့် The X-Hibition JOOX Original Album အသစ်တွင်ဟစ်ဟော့နှင့်ပေါ့ပ်ဂီတအမျိုးအစားများပါဝင်မည်ဖြစ်ကာ X-Boxin၊ အဲလက်စ်ဒီရာမိုရ်၊ လန်ဘား၊ဘန်ဂျမင်ဆုမ် နှင့်အိုင်ရင်းဇင်မာမြင့်တို့ကကိုယ်ပိုင်သံစဉ်သီချင်းများဖြင့်ပါဝင်သီဆိုထားသည်။ JOOX မှအဆိုပါအယ်လ်ဘမ်ကို The Boombox Entertainment နှင့်အတူပူးပေါင်းတင်ဆက်ထားခြင်းဖြစ်ပြီး ယင်းအယ်လ်ဘမ်၏ပထမဆုံးသီချင်းကိုလာမည့် ဇန်နဝါရီလနောက်ဆုံးပတ်တွင်စတင်ထုတ်လွှင့်မည်ဖြစ်ကာ JOOX အက်ပလီကေးရှင်းတွင်သာ နားဆင်နိုင်မည်ဖြစ်သည်။ The X-Hibition JOOX Original Album ၏အဓိပ္ပာယ်မှာအသစ် အသစ်ဖြစ်သောလတ်ဆတ်သည့်ရင်ခုန်စိတ်လှုပ်ရှားမှု အသစ်အဆန်းများကိုသယ်ဆောင်လာပေးခြင်းဟူသည့် အဓိပ္ပာယ်ရသည်။ Boombox Entertainment သည့် Live Concert များ Show ပွဲများနှင့်များစွာသော Hip Hop Album များစွာကိုထုတ်လုပ်ပေးနေသော Entertainment Company ဖြစ်ပြီး ယခုပူးပေါင်းထုတ်လုပ်မှုသည် JOOX နှင့်ပထမဆုံးအကြိမ်ပူးပေါင်းတင်ဆက်ခြင်းဖြစ်သည်။ The Boombox Entertainment မှ Director ဖြစ်သူဦးပြည့်စိုးက "The Boombox Entertainment အနေနဲ့မြန်မာပြည်မှာနာမည်ကြီး Music Application တစ်ခုဖြစ်တဲ့ JOOX Application နဲ့ အတူတူပူးပေါင်းလုပ်ဆောင်ခွင့်ရတဲ့အတွက်အတိုင်းမသိ ဝမ်းသာပါတယ်။ ၂၀၂၀ဟာပရိသတ်တွေအားလုံးမပျော်ရွှင်ဖြစ်ခဲ့ရတဲ့နှစ်ဖြစ်ခဲ့တဲ့အတွက် ၂၀၂၁ မှာအကောင်းဆုံးတွေပေးဖို့ရည်ရွယ်ချက်နဲ့အမိုက်စားဖြစ်မယ့်သီချင်းလေးတွေကို လက်ရှိမြန်မာပြည်မှာအောင်မြင်ကျော်ကြားနေတဲ့အဆိုတော် ၅ ဦးနဲ့ဒီ Album လေးကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Own Tune တွေသာပါဝင်တဲ့ဒီ 'The X-Hibition JOOX Original Album" လေးကိုလူတိုင်းကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်" ဟုပြောခဲ့သည်။                   AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ