နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ  ၂၁


မူးယစ်ဆေးဝါးများအား အခြားကုန်ပစ္စည်းများနှင့်ရောနှော၍ လွိုင်ကော်-ရန်ကုန် Express ယာဉ်တွင် လူမဲ့တန်ဆာဖြင့်သယ်ဆောင်လာကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရန်ကုန်မြို့၊ အောင်မင်္ဂလာကားဝင်းကားဂိတ်၌ စောင့်ဆိုင်းနေစဉ် ဇန်နဝါရီ ၂၀ ရက်တွင် လူမဲ့တန်ဆာအိတ်များကို လာရောက်ထုတ်ယူသူ ခူးသီအိုဒေါရို နှင့်  မိုင်းမိုင်းလင်းကြည်တို့အား ထိန်းသိမ်း၍ရှာဖွေရာ ဆာလာအိတ်များအတွင်း ကြက်သွန်ဖြူနှင့် မြေပဲဆံများကြားတွင် ထည့်သွင်းထားသော စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပါသည်။ 

ဆက်လက်၍ ယင်းတို့ ၂ ဦးမောင်းနှင်လာသော Crown အမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေရာ အဆိုပါ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆ ပြား၊ အိုက်စ် ၀ ဒသမ ၈ ဂရမ် တို့ကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၃ နာရီအချိန်တွင်  ခူးသီအိုဒေါရိုနေထိုင်သည့် ဖယ်ခုံမြို့၊ ဟိန်ဓမ္မရပ်ကွက်၊ သော်ကလမ်းရှိ နေအိမ်ကိုရှာဖွေရာ ၎င်း၏ဇနီး မမူစကော်လီနာသိန်းအားတွေ့ရှိပြီး နေအိမ်အိပ်ခန်း အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၂၅၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ခူးသီအိုဒေါရို(၄၀)နှစ်၊ မိုင်းမိုင်းလင်းကြည်(၄၁)နှစ်၊ မမူစကော်လီနာသိန်း(၄၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းနှင့် ခူးသီအိုဒေါရိုမှ ၎င်းမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှ ဝယ်ယူပြီး ၎င်း၏နေအိမ်တွင် သိုလှောင်ထိန်းသိမ်း၍ ရန်ကုန်မြို့သို့ သယ်ယူပို့ဆောင်ဖြန့်ဖြူးသူဖြစ်ကြောင်း သိရသည်။ဆွေဦး






အခြားဆက်စပ်သတင်းများ