နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘားအံမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဘားအံ၊ ဇန်နဝါရီ  ၂၁


 ဇန်နဝါရီ ၂၀ ရက်၊ ည ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ဘားအံ-အိန္ဒုသွားကားလမ်း၊ ကော့ကသောင်ဂူအဝင်လမ်းတွင် အောင်နိုင်ဘွား(ခ)ကိုထွန်း မောင်းနှင်လာသည့် MARK II အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အောင်နိုင်ဘွား(ခ)ကိုထွန်း (၄၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ပုလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ လက္ကူးကျေးရွာနေ အောင်သူ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းနှင့် နေအိမ်အခန်းထောင့်ရှိ ပလတ်စတစ်အိတ်အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၃၂၄ ပြားနှင့် အိုက်စ် ၀ ဒသမ ၀၀၆ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အောင်သူ(၂၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ