နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Samsung Galaxy Buds Pro အတွက် ပထမဆုံးဆော့ဖ်ဝဲလ် Update ပေးလာ

ဇန်နဝါရီ ၂၁


Samsung က Galaxy Buds Pro အတွက် ပထမဆုံးဆော့ဖ်ဝဲလ် Update ပေးလာပြီဖြစ်ပြီးယခု Update ကြောင့် နားသိပ်မကြားသည့်သူများအနေဖြင့်အသံကိုပိုမိုတိုးမြှင့်နိုင်သည့်စနစ်လည်းထည့်သွင်းပေးလာသည်။

ထို့အပြင် Samsung Galaxy Buds Pro ၏နားကြပ် ဘယ်/ညာတို့အားအသံကိုလိုသလိုထိန်းညှိနိုင်မည့် စနစ်လည်းပါဝင်သည်။ ဆော့ဖ်ဝဲလ် ဗားရှင်းက R190XXU0AUA1 ဖြစ်ပြီးဖိုင်အရွယ်အစားက 2.2MB သာရှိသည်။

Samsung Galaxy Buds Pro မှာANC စနစ်ပါဝင်ပြီးအသံစနစ်ပိုင်းများစွာပါဝင်သည့် ကြိုးမဲ့နားကြပ်သစ် ဖြစ်ပြီး နားကြပ်တစ်ဖက်စီမှာဘက်ထရီ 61 mAh ဝင်ကာသီချင်းနားထောင်မှုကို ၅ နာရီအထိပြုလုပ်နိုင် မည်ဖြစ်ကာ Case မှာဘက်ထရီ 472 mAh ပါဝင်သည်။

Fast Charging လည်းပါဝင်ကာ ၅ မိနစ် အားသွင်းရုံဖြင့် ၁ နာရီအထိအသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ နားကြပ်ကို ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၂၀၀ သတ်မှတ်ထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ