နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူနိုက်တက်ကို လက်ဝါးကြီးအုပ်ဂုတ်သွေး စုတ်နေတဲ့ ဂလေဇာမိသားစု

ဇန်နဝါရီ  ၂၁

မန်ယူနိုက်တက်အသင်းဟာပိုင်ရှင်အပေါ် မှီခိုမှုကင်းမဲ့သလို တစ်ချိန်တည်းမှာပဲ ပိုင်ရှင်ကို ပြန်လည်ထောက်ပံ့ နေရပြီးကိုယ်ပိုင်လည်ပတ်မှုငွေကြေးပုံစံနဲ့ ရပ်တည်နေတဲ့ ရှားပါးဘောလုံးအသင်းလည်းဖြစ်ပါတယ်။ အခြား အသင်းပိုင်ရှင်တွေက အသင်းတွေ ဝယ်ယူပြီးရင် ကိုယ်ပိုင်ငွေကြေးစိုက်ထည့်ပြီး လည်ပတ်စေပေမယ့် ယူနိုက်တက်ကတော့ပိုင်ရှင်ကို အမြတ်ပြန်ခွဲပေးနေရသလို တစ်ဖက်မှာလည်းအကြွေးကြောင့်တက်လာတဲ့ အတိုးကိုပါ ပြန်ဆပ်နေရပါတယ်။

ဂလေဇာက ယူနိုက်တက်ကို အကြွေးနဲ့ဝယ်ယူခဲ့ပြီး သူတို့မိသားစုရဲ့အကြွေးကို ယူနိုက်တက်အကြွေးအဖြစ် ပြောင်းလဲခဲ့တာကြောင့် အတိုးနဲ့အရင်းကို ယူနိုက်တက်ဘက်က ပေးချေရပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ယူနိုက်တက်က အတိုးပေါင်သန်း ၈၀ ဆပ်ခဲ့ရသလို ၂၀၁၃-၂၀၁၄ ရာသီကနေ ၂၀၁၈-၂၀၁၉ ရာသီအထိ ပေါင် ၈၉ သန်းကို ဂလေဇာမိသားစုထံ ဘုတ်အဖွဲ့ခွဲဝေရေးအဖြစ် ပေးအပ်ခဲ့ရပြီး ပိုင်ရှင် အမြတ်အဖြစ်လည်း ပေါင်သန်း ၁၂၀ ကို ပေးချေခဲ့ပြီးဖြစ်တာကြောင့် ဂလေဇာက ယူနိုက်တက်ကနေ ပေါင်သန်း၂၀၀ ကျော်ရရှိပြီးပြီလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ရာသီအတွက်လည်း ခွဲဝေမှုပေါင် ၂၂ သန်းကို ဂလေဇာက ရယူသုံးစွဲပြီး ဖြစ်ပေမယ့် ယူနိုက်တက်ကတော့ ကစားသမားခေါ်ယူဖို့ငွေကြေးမရှိတာကြောင့် လက်ရှိမှာ အခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ အမြတ်ပြန်လည်ခွဲဝေတဲ့အသင်းတွေလည်းရှိပေမယ့် ဂလေဇာရဲ့ ခွဲဝေမှု ကတော့ စပါးအသင်းရဲ့ ပေါင်သန်း  ၄၀ ထက် နှစ်ဆပိုများပြီး ပေါင် ၈၉ သန်းဖြစ်နေတာကြောင့် ဂလေဇာဟာ ယူနိုက်တက် အခက်အခဲတွေကို ဂရုမစိုက်ဘဲ သူတို့မိသားစုအတွက် ယူနိုက်တက်အပေါ်သာ ဂုတ်သွေးစုပ်နေတဲ့ မိသားစုဆိုတာပိုမိုသေချာ လာသလို ဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ