နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အအေးဓာတ်ပြန်လည်ဝင်ရောက်မှုကြောင့် ငါးအထိအမိများ၍ ရေလုပ်သားတို့ အဆင်ပြေ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ဇန်နဝါရီလဆန်းပိုင်းတွင် ရန်ကုန်မြို့ကမ်းနီးပင်လယ်ပြင်၌ ရာသီဥတုပြောင်းလဲမှုကြောင့်မိုးအုံ့၊ မိုးဖွဲဖွဲကျဆင်းခဲ့ရာ  ငါးသလောက်တိုးရမည့်ရာသီ၌  ငါးအထိအမိနည်းခဲ့ပြီး  ဇန်နဝါရီဒုတိယယပတ်၌ အအေးဓာတ်ပုံမှန်ဝင်ရောက်မှုဖြင့် ကမ်းနီးပင်လယ်ပြင်ရေလုပ်သားများ ငါးအထိအမိများသောကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ကပ်ရောဂါကြောင့် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုလျော့နည်းခဲ့သော်လည်း ပြည်ပပို့ကုန်အဖြစ် နာမည်ရလျက်ရှိသော ငါးသလောက်မှာ တစ်ပိဿာဆိုဒ်လျင် ကျပ် ၄၀၀၀၀ ကျော်မှ ၃၀၀၀၀ ခန့်ဈေး ကျလျက်ရှိရာ လဆန်းပိုင်းတွင် ငါးသားလောက်ရရှိမှု ကျဆင်းခဲ့သော်လည်း ရက်ပိုင်းအတွင်း ဈေးကောင်းရသော ငါးသလောက်အထိအမိရှိလာသောကြောင့် ပင်လယ်ပြင်ကမ်းနီးရေလုပ်သားများ ပုံမှန်ပြည်လည်အဆင်ပြေ လျက်ရှိသည်။ “ဒီရာသီက ငါးသလောက်ရာသီဆိုတော့ ရေလုပ်သားတွေ ငွေရွှင်ကြတယ်။ ကိုဗစ်-၁၉ ရောဂါ ကြောင့် အရောင်းအဝယ်တွေကျပေမယ့် ရေလုပ်ငန်းက ပုံမှန်လည်ပတ်နေကြတာ။ ဈေးကောင်းရတဲ့               ငါးသလောက်အမိနည်းလို့ လဆန်းပိုင်းမှာ အဆင်မပြေကြဘူး။ အအေးဓာတ်ပြန်ဝင်တော့ ရက်ပိုင်းအတွင်း ငါးအရများလို့ ကြွေးမြီတွေလည်း ပေးနိုင်တယ်။ ငါးသလောက် ဒီနှစ်ဈေးကျတယ်။ တစ်ပိဿာဆိုဒ်ကို ကျပ် ၃၀၀၀၀ နီးပါး၊ အသေးဆိုဒ်ကို ၅၀၀၀ ကျပ်၊ ငါးပုပ်သင်တစ်ပိဿာဆိုဒ် ကျပ် ၉၀၀၀ နဲ့ အသေးဆိုဒ်၂၅၀၀ ကျပ်နဲ့ ရွာက ဒိုင်မှာသွင်းတယ်။ မနေ့ညပိုင်းကစပြီး ငါးအထိအမိကောင်းလို့ ဒီမနက်ပင်လယ်ပြင်ဆင်းတဲ့သူ များတယ်”ဟု ဆယ်အိမ်တန်းရွာမှ ရေလုပ်သားမိုးနိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း၊ ဆယ်အိမ်တန်းနှင့်အလည်ကျေးရွာတို့မှာ        ပင်လယ်ကမ်းခြေရွာများဖြစ်ပြီး လယ်လုပ်ငန်းထက်ရေလုပ်ငန်းကို အမှီပြုသူများပြား၍  အဆိုပါကမ်းနီး ပင်လယ်ပြင်တွင် ဈေးကွက်ရှိပြီးဈေးနှုန်းကောင်းသော ငါးသလောက်အများဆုံး ကျက်စားရာနေရာ ဖြစ်သောကြောင့် လဆန်ပိုင်းအထိအမိနည်းခဲ့သော်လည်းဇန်နဝါရီတတိယပတ်မှစ၍ ငါးသလောက်၊ ငါးပုပ်သင်၊ ငါးတန်၊ ပင်လယ်ငါးစင်ရိုင်း အထိအမိများခဲ့ပြီး လက်ခုပ်ကုန်းကမ်းခြေရှေ့တွင်ရှိသော မြစိမ်းကျွန်းမှ ပင်လယ်ကဏန်းနှင့် ပုစွန်ရရှိသောကြောင့် ရေလုပ်ငန်းအဆင်ပြေလျက်ရှိကြောင်းသိရသည်။

ကနူး   - (၁၁၂)






အခြားဆက်စပ်သတင်းများ