နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်းမြို့နယ်၌ လျှော်ဖြူဧက ၂၀၀ ခန့် စိုက်ပျိုး

ရေနံချောင်း၊ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တွင် လျှော်ဖြူဧက ၂၀၀ နီးပါး စိုက်ပျိုးထားရှိကြောင်း ရေနံချောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စုံစမ်းသိရသည်။ "ကျွန်မတို့ စိုက်ခင်းက လျှော်ဖြူပင်က တစ်နှစ်ကျော်ကျော်အရွယ်ပဲ ရှိသေးတယ်။ အပင်ရဲ့အစေးထုတ်တဲ့အရွယ် မဟုတ်သေးပါဘူး။  အဓိက မိုးရေအပြင် ရံဖန်ရံခါ ရေသွင်းပေးနိုင်ရင်ပိုကောင်းတယ်။ ပြည်တွင်းဈေးကွက်ကို အဓိကထားပြီး လုပ်ကိုင်တာပါ''ဟု ဒေသခံလျှော်ဖြူစိုက်ပျိုးထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ရေနံချောင်းမြို့နယ်တွင် လျှော်ဖြူပင်စုစုပေါင်း ၁၉၉ ဧက၌ တစ်ဧကလျှင် ၃၄၅ ပင်ရှိပြီး လျှော်ဖြူကို တစ်ပင်နှင့် တစ်ပင် ၁၅ ပေခြား၊ ၁၀ ပေခြား၊ ၆ ပေခြား စိုက်ပျိုးကြကြောင်း တောင်သူတစ်ဦးနှင့် တစ်ဦး မတူညီကြကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သိရသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ