နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Honor V40 တွင် GPU Turbo X စနစ် ပါဝင်လာမည်

ဇန်နဝါရီ ၂၀


Honor V40 ကိုဇန်နဝါရီ ၂၂ ရက်တွင် မိတ်ဆက်သွားမည်ဖြစ်ပြီး အဆိုပါ စမတ်ဖုန်းတွင် ဂိမ်းစွမ်းဆောင်ရည် မြှင့်တင်ပေးမည့်စနစ်တစ်ခုပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။

Honor V40 မှာဂိမ်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည့် GPU Turbo X ပါဝင်လာမည်ဖြစ်ပြီး GPU Turbo X က Chipset ၏ GPU စွမ်းဆောင်ရည်ကိုအနည်းငယ်မြှင့်တင်ပေးမည့် ဆော့ဝဲလ်စနစ်တစ်ခုဖြစ်သည်။

အဆိုပါဖုန်းမှာ ၆ ဒသမ ၇၁ လက်မ FHD+ AMOLED ပါဝင်လာမည်ဖြစ်ပြီး 120Hz Refresh Rate နှင့် 300Hz Touch Sampling Rate တို့ ပါဝင်လာမည်ဖြစ်သည်။

ကျောဘက်ကင်မရာလေးလုံးပါဝင်မည်ဖြစ်ပြီး 50MP + 8MP (Ultrawide) + 2MP (Macro) + 2MP Laser AF တို့ဖြစ်ကာ ရှေ့ကင်မရာနှစ်လုံးက 32MP+16MP ဖြစ်သည်။

Honor V40 ကို Dimensity 1000+ 5G Chipset နှင့် ပါဝါထောက်ပံ့လာမည်ဖြစ်သည်။ ဘက်ထရီ 4000 mAhပါဝင်ပြီး 65W Fast Charging ၊ 50W Wireless Charging တို့ ပါဝင်လာမည်ဖြစ်ကာ Under-Display Fingerprint Scanner ပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။                                                       

 (သူရိန်)






အခြားဆက်စပ်သတင်းများ