နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်မြူးနစ် ကစားသမားအလာဘာ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရရှိ

ဇန်နဝါရီ ၂၀


ဘိုင်ယန်မြူးနစ်အသင်းခံစစ်ကစားသမားအလာဘာသည် လာမည့်နွေရာသီတွင် ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရရှိခဲ့ကြောင်းသိရသည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် အလာဘာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခွင့်ရမည်ဖြစ်ပြီးသုံးနှစ် သက်တမ်းရှိစာချုပ်ချုပ်ဆိုရန် အကြိုသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

အလာဘာသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းကယင်းကိုစာချုပ်သစ်ချုပ်ဆိုမည် မဟုတ်သည့်အတွက် လက်ရှိအပြောင်း အရွှေ့ကာလအတွင်းရောင်းချသွားရန် ဆန္ဒရှိနေသည်။

သို့သော် အလာဘာက ဘိုင်ယန်မြူးနစ်အသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ကစားသွားရန် ဆုံးဖြတ်ခဲ့သည့်အတွက် အသင်းဘုတ်အဖွဲ့အနေဖြင့် အခက်တွေ့နေသည်။

အသက် ၂၈ နှစ်အရွယ်ရှိအလာဘာကို ရီးရဲလ်မက်ဒရစ်၊ မန်ယူ၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီနှင့် လီဗာပူး အသင်းတို့က ချိတ်ဆက်မှုပြုလုပ်ခဲ့သော်လည်းယင်းကရီးရဲလ်မက်ဒရစ်အသင်းကိုရွေးချယ်ခဲ့ပြီး အခြား အသင်းများကလည်း ယင်းတောင်းဆိုသည့် လုပ်ခလစာကြောင့် ခေါ်ယူမည့် အစီအစဉ်ကိုလက်လျှော့ခဲ့ရ ကြောင်းသိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ