နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေဘရာမိုဗစ်ချ်ရဲ့ မီးခံသေတ္တာအပြောင်ရှင်းပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ သယ်ဆာင်ပေးနိုင်မယ့်တိုက်စစ်မှူးကောင်းကို ခေါ်ယူဖို့ပြင်နေတဲ့ ချဲလ်ဆီး

ဇန်နဝါရီ ၂၀


ချဲလ်ဆီးအသင်းဟာ ယခုရာသီကုန်မှာ ထိပ်တန်းတိုက်စစ်မှူး ဟာလန်းကိုခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး ဖြစ်တယ်လို့ The Athletic ကလည်း ထပ်မံအတည်ပြုခဲ့ကြောင်း သိရပါတယ်။ အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ ရက်ဘူးလ် ဆဲဘတ်အသင်းကနေ ဒေါ့မွန်အသင်းကိုပြောင်းရွှေ့ခဲ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကနေလက်ရှိအချိန်အထိ ၃၅ ပွဲပါဝင်ကစားပေးထား ရာမှာ ၃၅ ဂိုးအထိ ဂိုးသွင်းယူထားနိုင်ခဲ့သူဖြစ် ပါတယ်။ ဒေါ့မွန်တိုက်စစ်မှူးဟာ မန်ယူနိုက်တက်၊ မန်စီးတီးတို့အပါအဝင် ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေသူဖြစ်ပြီး ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖို့ပိုဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဟာလန်းနဲ့ ဒေါ့မွန်အသင်းတို့ ရဲ့စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ယူရို ၇၅ သန်း ဆိုတဲ့အချက် ပါရှိ ပေမယ့် ၂၀၂၂ ခုနှစ်အထိ ယင်းအချက်က အသက်ဝင်ဦးမှာမဟုတ်တာကြောင့် ဒေါ့မွန် အသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်မှူးကို ယခုလာမယ့်နွေရာသီမှာ အဲဒီပမာဏထက် ပိုမိုများပြားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ဖို့သွားဖွယ်ရှိနေပါ တယ်။ ပြိုင်ဘက်အသင်းအများစုဟာ ဟာလန်းရဲ့ ခြေစွမ်းကို သံသယ ရှိနေတာကြောင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ပါ အချက်အသက်ဝင်တဲ့အထိ စောင့်ဆိုင်းနေမယ်လို့ ယူဆရပါတယ်။ ချဲလ်ဆီးအသင်းအတွက် နောက်ထပ် အခက်အခဲကတော့ စူပါအေးဂျင့် မိုင်နိုရွိုင်အိုလာနဲ့ ညှိနှိုင်းရမယ့် ကိစ္စဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ဝါရင့်တိုက်စစ်မှူး ဂျီရူးရဲ့နေရာမှာ အစားထိုးခေါ်ယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ တန်မီအေဘရာဟမ်ဟာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှာ အားကိုးအားထားရ လောက်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း ဟာလန်းဟာ အသင်းကို နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်တဲ့အသင်းဖြစ်အောင် သယ်ဆောင်ပေးသွားနိုင်မယ့် အဓိကအထောင် တိုက်စစ်မှူးမျိုးဖြစ်တယ်လို့ ရှုမြင်ထားတာဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ