နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေကြီးသလို ဂိုးသွင်းလည်းကောင်းလို့ နည်းပြရဲ့ယုံကြည်မှုအပြည့်ရနေတဲ့ ဇလာတန်

ဇန်နဝါရီ ၂၀


ဇလာတန်အီဘရာမိုဗစ်ဟာ နှစ်ပေါင်း ၂၀ ကြာ  ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့ပြီးပေမယ့် ဂိုးသွင်းစံချိန်တွေကတော့ ဆက်လက်ရယူနေဆဲဖြစ်ပါတယ်။ တနင်္လာနေ့ညက ကယ်ဂလီယာရီနဲ့ပွဲမှာ ဇလာတန်က အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး ၂-၀ နဲ့ အနိုင်ရရှိစေခဲ့တာကြောင့် အေစီမီလန် တို့ဇယားထိပ်ဆုံးမှာ ဆက်လက် ရပ်တည်စေခဲ့ပါတယ်။ ဒီရာသီမှာ ဇလာတန်က စီးရီးအေ ၈ ပွဲသာကစားပေးထားပြီး သွင်းဂိုး ၁၂ ဂိုးအထိသွင်းယူထားပြီး သူ့အထက်မှာတော့ရော်နယ်ဒိုတစ်ဦးတည်းသာ ရှိနေတာဖြစ်ပါတယ်။ လူကာကူ၊ မာတီနက်ဇ်တို့နဲ့ သွင်းဂိုးချင်းတူညီနေပေမယ့် ဇလာတန်ဟာ သူတို့တွေထက် ပွဲအရေအတွက် ထက်ဝက်ခန့်လျှော့ကစားထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အေစီမီလန်အတွက်ဇလာတန်အနေနဲ့ ၈ ပွဲသာကစားပေးပြီး သွင်းဂိုး ၁၂ ဂိုးအထိရရှိခဲ့တာဟာ ၁၉၉၂-၉၃ ဘောလုံးရာသီက မားကို့စ်ဗန်ဘက်စတန်ရဲ့ စံချိန်ကို လိုက်မီခဲ့တာလည်းဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အေစီနည်းပြ ပီအိုလီက စီးရီးအေဆုဖလားကို ဇလာတန်ကြောင့် ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါတယ်၊ ဇလာတန်ကိုလည်း ယုံကြည်ပါတယ်” လို့ ပီအိုလီက ပြောခဲ့ပါတယ်။ အေစီမီလန်ကတော့ လက်ရှိမှာ အင်တာမီ လန်ထက် ၃ မှတ်အသာစီးရရှိထားပြီး ဇယားကိုဦးဆောင်နေကာ လာမယ့်ပွဲစဉ်အဖြစ် အတ္တလန္တာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာ ကိုပါ အီတာလီယာဖလားပွဲအဖြစ် အင်တာမီလန်နဲ့ ထပ်မံကစားရမှာဖြစ်ပါတယ်။                                       (SO)






အခြားဆက်စပ်သတင်းများ