နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၌ မူးယစ်ဆေးဝါးသုံးစွဲသူ ၃ ဦး ဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဇန်နဝါရီ  ၂၀

ဇန်နဝါရီ ၁၉ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ပြစ်မှုများကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း ခြေချုပ်နှင့်ခံဝန်ဥပဒေအရ အရေးယူရန် ခြေချုပ်မိန့်ချမှတ် ခံထား ရသူ အောင်နိုင်(ခ)စန်းဦး မှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (ဂ)ရပ်ကွက်၊ ဘောဂလမ်းရှိ မ-၄၂ နေအိမ်၌ မူးယစ် ဆေးဝါးများ ရောင်းချ၊သုံးစွဲရန် ရောက်ရှိနေကြောင်းသတင်းအရ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး၏ မူးယစ် ဆေးဝါးရှာဖွေဖမ်းဆီးခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်ရှေ့ခန်းအတွင်း၌ အောင်နိုင်ဦး(ခ)ဂျာဖဲလ်၊ အောင်နိုင်(ခ)စန်းဦး၊ ကိုကိုအောင်(ခ)ကိုအောင်တို့ ၃ ဦးကို WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် စက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိ၍ ၎င်းတို့ ၃ ဦး အား သုဝဏ္ဏနယ်မြေရဲစခန်းမှ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ