ဇန်နဝါရီ ၁၉
Samsung က စမတ်ဖုန်းသစ်တစ်လုံးကို FCC မှာထောက်ခံချက်ရယူလာပြီး Samsung စမတ်ဖုန်း၏ မော်ဒယ်နံပါတ်က SM-M62F/DS ဖြစ်သည်။ Samsung Galaxy M62 အမည်နှင့် ရောင်းချလာမည့် စမတ်ဖုန်း ဖြစ်ပြီးယင်းတွင်ဖော်ပြမှုအရ Samsung Galaxy M62 မှာဘက်ထရီ 7000 mAh ပါဝင်ကြောင်းဖော်ပြထားသည်။
ထို့အပြင် FCC မှာဖော်ပြမှုအရ Samsung Galaxy M62 မှာ 25W Fast Charging ၊ USB Type C နှင့် နားကြပ်ပေါက်တို့ ပါဝင်မည်ဖြစ်သည်။
အစောပိုင်းတုန်းကထွက်ပေါ်ခဲ့သည့် သတင်းအရ Samsung Galaxy M62 ကို Exynos 9825 SoC ၊ RAM6GB နှင့် ပါဝါထောက်ပံ့လာမည်ဖြစ်ပြီး Android 11 သုံးလာမည်ဖြစ်ကြောင်းသိရသည်။
(သူရိန်)