နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့သောင်းမြို့တွင် ဂတ်စ်အိုးတင်ဆောင်လာသည့်ယာဉ်တိမ်းမှောက် ဂက်စ်အိုးပေါက်ရာမှ အနီးရှိနေအိမ် ၃ လုံးမီးလောင်

ကော့သောင်း၊ ဇန်နဝါရီ  ၁၉

ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၁ နာရီအချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာ ရပ်ကွက်၊ မြရည်ပုလဲလမ်းတွင် (၁၂)မိုင်စစ်ဆေးရေးဂိတ်မှ အေးရိပ်ငြိမ်ရပ်ကွက်သို့ ယာဉ်မောင်း အောင်ကိုလွင် မောင်းနှင်လာသည့် ယာဉ်အမှတ်၊ MDY/6N----- FUSO အမျိုးအစား (၁၀)ဘီးယာဉ်သည် ဂတ်(စ်)အိုးများ တင်ဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး ဂတ်(စ်)အိုးများ ပေါက်ကွဲကာ အနီးရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။

 အဆိုပါ မီးလောင်မှုဖြစ်စဉ်အား သိလျှင်သိချင်း ကော့သောင်းမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၅ စီးဖြင့် သွားရောက်၍မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

 အဆိုပါမီးလောင်မှုကြောင့် ယာဉ်မောင်း အောင်ကိုလွင်(သေဆုံး)နှင့် နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့သော ကြောင့်  ယာဉ်မောင်းအောင်ကိုလွင်အား ကော့သောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ