နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥတ္တရသီရိမြို့နယ်၌ သစ်ခွဲသား ၄ ဒသမ ၁၉၁၆ တန် တင်ဆောင်လာ သည့်ယာဉ်အား ဖမ်းဆီး

နေပြည်တော်၊ ဇန်နဝါရီ  ၁၉

 ဇန်နဝါရီ ၁၄ ရက်၊ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် ဥတ္တရသီရိခရိုင်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် နေပြည်တော်/ ချောင်းမကြီး ဆည်လမ်းမပေါ် နန်ချွန်ကျေးရွာအနီးတွင် ရွာတော်ကျေးရွာဘက်မှ ဝဏ္ဏသိဒ္ဓိအဝိုင်းဘက်သို့ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မြောက်ကျေးရွာနေ ဖြိုးဝေလင်း(၃၇)နှစ်မောင်းနှင်ပြီး ရွာတော်တောင်ကျေးရွာနေ နိုင်လွင်အောင်(ခ)သူရိန်မိုး(၂၃)နှစ် လိုက်ပါလာသော NPW/6C------- Lifan ၆ ဘီး ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်တွင် သစ်ခွဲသားဆိုဒ်စုံ ၇၂၉ ချောင်း၊ ၄ ဒသမ ၁၉၁၆ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့်  ဖြိုးဝေလင်းနှင့် နိုင်လွင်အောင်(ခ)သူရိန်မိုးတို့ ၂ ဦးအား တောင်ညိုနယ်မြေရဲစခန်း(ပ)၃/၂၀၂၁၊ သစ်တောဥပဒေပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ