နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးပြတ်နိုင်ပွဲနဲ့ ဒုတိယနေရာသာမက ပထမနေရာကိုရောက်ရှိနိုင်တဲ့ အခွင့်အရေးဆီ တက်ရောက်လာခဲ့တဲ့ မန်ချက်စတာစီးတီး

ဇန်နဝါရီ ၁၉

မန်စီးတီးအသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ်ကို ဂိုးပြတ်နိုင်ပွဲ၊  Clean Sheet  တွေနဲ့ တက်ရောက်လာနိုင် ခဲ့ပြီး ပွဲကျန်ကို အနိုင်ကစားနိုင်ရင် ထိပ်ဆုံးက ဦးဆောင်ခွင့်ကိုပါ ရရှိမှာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ စီးတီးတို့အနေနဲ့ အိမ်ကွင်းမှာ ဒုက္ခပေးလေ့ရှိတဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကို ခြေအသာနဲ့ ကစားခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ထောင့်ကန်ဘောကနေရတဲ့ဘောလုံးကို စတာလင်က ဒီဘရိုင်းနားဆီ ပို့ပေးရာမှာ နောက်ခံလူ ဂျွန်စတုန်းစ် က ပဲလေ့စ်နောက်ခံလူတွေကြားထဲက ခေါင်းတိုက်ပြီး မန် စီးတီးတို့အတွက် အဖွင့်ဂိုးသွင်းပေးနိုင် ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ဂွန်ဒိုးဝမ်၊ ဂျေဆူးစ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ဘဲ တို့ ဦးဆောင် ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာတော့ စီးတီးတို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ထောင့်ကန်ဘောကနေ ပဲလေ့စ်တို့ ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဂွန်ဒိုးဝမ်က နောက်ခံ လူတွေကြားထဲကနေ ဂိုးသမားရဲ့ အဝေးတိုင်ကို ဝေ့ဝိုက်ကန်သွင်းနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေပဲ ရူဘင်ဒီယက်စ် ခေါင်းတိုကသွင်းဘောကို ဂိုးသမားဂွိုက်တာ ပုတ်ထုတ်လို့ ပြန်ထွက် အလာ နောက်ကပါလာတဲ့ ဂျွန်စတုန်းစ်က ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ စီးတီးတို့ တတိယဂိုး ထပ်ရခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ဒီဘရိုင်းနားကို ကန်ဆယ်လိုနဲ့လဲပြီး အနားပေးခဲ့ပြီး စတာလင်က ပွဲချိန် ၈၈ မိနစ်မှာတော့ ပြစ်ဒဏ်ဘောက ရရှိတဲ့ ဖရီးကစ်ကို အဝေးတိုင်အပေါ်ထောင့်ဆီ တိုက်ရိုက်ကန်သွင်းနိုင်ခဲ့ပါ တယ်။ ပွဲအပြီးမှာတော့ မန်စီးတီးတို့ လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ကာ ဇယားထိပ်က ယူနိုက်တက်ကို တစ်ပွဲလျော့ နှစ်မှတ်လို အနေအထားနဲ့ နောက်ထပ်တစ်ပွဲ အနိုင်ရရှိရင် ကျော်ဖြတ်နိုင်ခွင့်ကိုပါ ပိုင်ဆိုင်သွားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ