နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိပ်ဆုံးက မန်ယူနိုက်တက်နဲ့ သရေပွဲဖြစ်ခဲ့တာကြောင့် စတုတ္ထနေရာအထိ ဆင်းပေးလိုက်ရတဲ့

လီဗာပူးလ် ဇန်နဝါရီ ၁၉

လီဗာပူးလ်ဟာ မန်ယူနိုက်တက်နဲ့ပွဲမှာ သူတို့ရဲ့ခံစစ်ဗဟိုကို အကောင်းဆုံးဖြစ်အောင်ပြင်ဆင်လာခဲ့ပြီး တစ်ဖက်အသင်းကို ဘောလုံးပိုင်ဆိုင်မှု၊အပေးအယူကောင်းကောင်းတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက် တို့ကတော့ ကွင်းလယ်ခံစစ်ကို အဓိကထား ကစားပြီး တောင်ပံစစ်စစ်မပါဘဲ ပေါ့ဘာ၊ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်တို့ကအလျဉ်းသင့်သလို တောင်ပံထွက်ကစားသွားခဲ့ပြီး ဆာလား၊ မာနေးတို့ဆီ ဘောလုံးမရောက်အောင်နဲ့ ကန်ခွင့်မရအောင် ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့က အဓိကတားဆီးသွားခဲ့ကြ ပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်တို့ ခြေအသာနဲ့ကစားနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကွင်းလယ်ဗျူဟာမှာ ကလော့ပ်က အသာရခဲ့ပါတယ်။ ယူနိုက်တက်တို့ ပထမပိုင်းမှာ ဂိုးပေါက်တောင် မတည့်ခဲ့ဘဲ သရေကျနေခဲ့ ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ ကန်ခွင့်ပိုရလာခဲ့သလို တိုက်စစ်မှာတော့ မာစီယယ်လ်အစား ကာဗာနီကို ထည့်သွင်းခဲ့ပေမယ့် လျင်မြန်တဲ့ တောင်ပံကစားသမား မပါဝင်တာက လီဗာပူးလ်ကို ဒုက္ခပေး နိုင်စွမ်း နည်းခဲ့သလို ဆာလားနဲ့ မာနေးတို့ကလည်း အပိုင်အခွင့်အရေးတွေ မရခဲ့လို့ တစ်ဖက်နဲ့တစ်ဖက် အမှားမခံဘဲ ကစားနေခဲ့ကြပါတယ်။ ဖာဘင်ညိုနဲ့ ဖရက်ဒ်တို့ကတော့ သူတို့တွေရဲ့ အမှားနဲ့ အဖျက်ကစားပုံ မပီပြင်မှုကြောင့် တစ်ဖက်တိုက်စစ်သမားတွေကို အခွင့်အရေးတွေ ပေးနေခဲ့ပြီး အယ်လစ်ဆန်နဲ့ ဒဟေးယားတို့ ကာကွယ်နိုင်ခဲ့လို့သာ တော်ခဲ့ကြတာပါ။ တိုက်စစ်အတွက် ကစားသမားတွေ ထပ်ထည့်ခဲ့ကြပေမယ့် အလုပ်မဖြစ်ခဲ့ကြတဲ့ ဒီပွဲမှာ လီဗာပူးလ်တို့ရဲ့ သုံးပွဲဆက် ဂိုးပေါက်ပျောက်မှုနဲ့အတူ သရေပွဲပဲဖြစ်ခဲ့ပါတယ်။ ပွဲအပြီးတစ်မှတ်စီ ခွဲယူခဲ့ကြချိန်မှာ မန်ယူနိုက်တက်ကတော့ ရမှတ် ၃၇ မှတ်နဲ့အဆင့် ၁ မှာဆက်လက်ရပ်တည် နိုင်ခဲ့ပေမယ့် လီဗာပူးလ်တို့ကတော့ စတုတ္ထနေရာကိုရောက်သွားပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ