နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးကစားသမားတိုမိုရီကို အငှားစာချုပ်ဖြင့် ခေါ်ယူရန် အေစီမီလန်အသင်းနီးစပ်နေ

ဇန်နဝါရီ ၁၉

အေစီမီလန်အသင်းသည် ချဲလ်ဆီးအသင်းခံစစ်ကစားသမားတိုမိုရီကိုအငှားစာချုပ်ဖြင့် ခေါ်ယူရန် နှစ်ဖက် အသင်းတာဝန်ရှိသူများဆွေးနွေးခဲ့ရာခေါ်ယူနိုင်ရန် နီးစပ်နေကြောင်းသိရသည်။

အေစီမီလန်အသင်းသည် တိုမိုရီကိုလက်ရှိဘောလုံးရာသီကုန်ထိအငှားစာချုပ်ဖြင့် ခေါ်ယူမည်ဖြစ်ပြီး ရာသီကုန်တွင် စတာလင်ပေါင် ၂၅ သန်းဖြင့် အပြီးသတ်ခေါ်ယူမည်ဖြစ်သည်။
အသက် ၂၃ နှစ်အရွယ်ရှိတိုမိုရီသည် အင်္ဂလန်လက်ရွေးစင်အသင်းတွင် တစ်ပွဲသာပါဝင်ကစားခွင့်ရရှိထား ပြီးချဲလ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည့်အတွက် ချဲလ်ဆီးအသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသူဖြစ်သည်။

ယင်းသည် ချဲလ်ဆီးအသင်းလူငယ်အစီအစဉ်မှ ပေါ်ထွက်ခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၂၇ ပွဲကစားပေးထားကာသွင်းဂိုး ၂ ဂိုးသွင်းယူပေးထားသူဖြစ်သည်။
ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ကတိုမိုရီကိုအသင်းတွင် ပုံမှန်ပွဲထွက်ခွင့် မပေးနိုင်သော်လည်း  ယင်းသည် အသင်း၏ အနာဂတ်အစီအစဉ်တွင် ပါဝင်နေဆဲဖြစ်ကြောင်းပြောကြားထားသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ