နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တနိုင်းမြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တနိုင်း၊ ဇန်နဝါရီ  ၁၈


အလားတူ ဇန်နဝါရီ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တနိုင်းမြို့၊ ဒူးကောင်းရပ်ကွက်နေ မတင်မာလင်း ၏နေအိမ်သို့ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ မဂျာဘောက်၊ မောင်ဦး၊ မအာဒူးနိုတို့အား ဘိန်းဖြူ ၀ ဒသမ ၅၅ ကီလို နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

 ကွင်းဆက်သတင်းအရ ညနေ ၄ နာရီခွဲအချိန် ကင်ဆားရာရပ်ကွက်ရှိ မဂျာဘောက်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းနှင့် မီးဖိုဆောင်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၀၈ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၅,၁၃၀ ပြားတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မတင်မာလေး(၅၂)နှစ်၊ မဂျာဘောက်(၃၉)နှစ်၊ မောင်ဦး(၄၈)နှစ်၊ မအာဒူးနို(၂၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။



ဆွေဦး






အခြားဆက်စပ်သတင်းများ