နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ဖားကန့်မြို့နယ်တွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

တာချီလိတ်၊ ဇန်နဝါရီ  ၁၈


 ဇန်နဝါရီ ၁၆ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်အချိန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(က)၊ ပုံလို့လမ်းတွင် ဇော်မင်းထွန်းမောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် ကျနူး(ခ)ယာခါး လိုက်ပါမောင်းနှင်လာသော Toyota Hilux Vigo Champ အမျိုးအစားမော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်များ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ကျနူး(ခ)ယာခါး(၃၀)နှစ်၊ ဇော်မင်းထွန်း(၄၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊  နန့်ယားကျေးရွာအုပ်စု၊ နန့်ယားကျေးရွာရှိ မဒဘန်ခေါန်နူး(ခ)စံပယ်ဦး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၀၇၇၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၄၅ ပြားနှင့် ဘိန်းစိမ်း ၀ ဒသမ ၀၁ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မဒဘန်ခေါန်နူး(ခ)စံပယ်ဦး(၃၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ