နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုသိမ်ကြီးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မန္တလေး၊ ဇန်နဝါရီ  ၁၈


 ဇန်နဝါရီလ ၁၆ ရက်၊ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင် စစ်ဆေးရေးစခန်းတွင် AD VAN အမျိုးအစားခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ကိုလတ်(ခ)ငလင်း၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၇၀၀ ပြား သိမ်းဆည်းရမိခဲ့ပါသည်။  

ကွင်းဆက်သတင်းအရ ည ၉ နာရီ ၂၀ မိနစ်အချိန် မန္တလေးမြို့၊ မြစ်ငယ်-ထုံးဘိုသွားကားလမ်းဘေးရှိ လက်ဖက်ရည်ဆိုင်၌ ကံထူးနှင့် ဇော်ဝင်းအောင်(ခ)ဇော်ဝင်းမောင်(ခ)ရဲကြီးတို့ကို မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ကိုလတ်(ခ)ငလင်း(၃၄)နှစ်၊ ကံထူး(၃၉)နှစ်၊ ဇော်ဝင်းအောင်(ခ) ဇော်ဝင်းမောင်(ခ)ရဲကြီး (၃၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ