နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်အတွင်းဝင်ရောက်၍ လုယက်မှု ကျူးလွန်သူ ၃ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ  ၁၈

 ဇန်နဝါရီ ၁၀ ရက်၊ ည ၁၁ နာရီခွဲအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ လေးထောင့် ကန်လမ်းမကြီး၊ အမှတ်(၃၃၇/ခ)ရှိ G&G ဆိုင်သို့ အမည်မသိအမျိုးသား ၃ ဦး ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းအမျိုးသမီး ၂ ဦးထံမှ ရွှေထည်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းများကိုလည်းကောင်း၊ ကောင်တာ အံဆွဲအတွင်းမှ ငွေ ၈၄,၀၅၀ ကျပ်နှင့် ဂိမ်းကတ်တို့ကိုလည်းကောင်း ခြိမ်းခြောက်လုယူ၍ တက္ကစီယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင် များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများအား စစ်ဆေးချက်များအရပြစ်မှု ကျူးလွန်သူများမှာ တာမွေမြို့နယ်၊ မလွှကုန်းမီးရထားရပ်ကွက်၊ မလွှကုန်းမီးရထားလိုင်းခန်းနေ စည်သူအောင်နှင့်ကျောက်မြောင်း ကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊(ဒု)ထပ်(ဝဲ)ခန်း၊ အမှတ်(၆၇)တွင် အတူနေထိုင်သည့် ရှိုင်းထက်အောင်(ခ)ငကျိုး နှင့် ဝင်းထွဋ်ဦး(ခ)နိုင်လင်းအောင်တို့ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ၎င်းတို့ ၃ ဦးအား ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် တာမွေမြို့နယ်၊ ပုသိမ်ညွန့် ရပ်ကွက်၊ ဓမ္မစိန္တာလမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ စည်သူအောင်၊ ရှိုင်းထက်အောင်(ခ)ငကျိုးနှင့် ဝင်းထွဋ်ဦး(ခ)နိုင်လင်းအောင်တို့အား အမှုဖြင့်စစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်းများအစား အရည်ကြိုထား သည့် ရွှေတုံး(၁)တုံး၊ လက်ကိုင်ဖုန်း(၃)လုံးနှင့် ဂိမ်းကတ်များ၊ စုစုပေါင်းတန်ဖိုးငွေ ၇၂၄,၀၀၀ ကျပ်အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့(၃)ဦးအား ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ