နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်နှင့် ညောင်ဦးမြို့နယ်၊ ကျောက်စစ်ကန် ကျေးရွာတို့တွင် မီးလောင်မှုဖြစ်ပွား

မြိတ်၊ ဇန်နဝါရီ  ၁၇


 ဇန်နဝါရီ ၁၄ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ်ကွက်၊ ပုဒုမ္မာ(၃)လမ်းနေ ပိုင်ရှင်ဦးနိုင်ဌေး၏ နေအိမ်တွင် မီးပလက်ခုံမှ အပူလွန်ကဲ၍ မီးစတင် လောင်မှုဖြစ်ပွားကြောင်းသိရသဖြင့် မြိတ်ခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၈ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၇ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

 အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၁၂ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်သည့် နေအိမ်ပိုင်ရှင် ဦးနိုင်ဌေးအား မြိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

အလားတူ ဇန်နဝါရီ ၁၄ ရက်၊ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ကျောက်စစ်ကန်ကျေးရွာ၊ ပုဂံမီးရထားဘူတာဝန်း ဝန်ထမ်းနေအိမ် အနီးနေ ပိုင်ရှင် ဦးပိုက်ထွေး၏ နေအိမ်တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှတစ်ဆင့် မီးကူးစက် လောင်မှုဖြစ်ပွားကြောင်း သိရသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်  ၇ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

 အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၂ လုံးနှင့်ဆိုင်ကယ် ၂ စီးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင်ဦးပိုက်ထွေး အား ညောင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ