နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လားရှိုးမြို့နယ်တွင် ငွေကျပ် သိန်း ၂,၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

လားရှိုး၊ ဇန်နဝါရီ  ၁၇


 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇန်နဝါရီ ၁၆ ရက်၊ နေ့မွန်းတည့်၁၂ နာရီခန့်တွင် လားရှိုးမြို့နယ်၊ နောင်လိုင်ကျေးရွာအနီး၊ လားရှိုး-နမ္မတူသွားကားလမ်းတွင် လားရှိုးမြို့ဘက်မှ နမ္မတူမြို့ဘက်သို့ အိုက်မာန်မောင်းနှင်လာသည့် FORLAND အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စိစစ်ရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူ ၁၆ ဒသမ ၅ ကီလို  သိမ်းဆည်းရမိခဲ့သဖြင့် အိုက်မာန်(၂၅)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး သိမ်းဆည်းရမိသော ဘိန်းဖြူများမှာ လားရှိုးမြို့နယ်မှ မန်တုံမြို့နယ်သို့ သယ်ဆောင်၍ မန်တုံ-မိုးမိတ်-ကချင်ပြည်နယ်သို့ သယ်ယူရောင်းချမည်ဖြစ်ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ