နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓနုဖြူမြို့နယ်၌မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၅) လုံးဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့

ဓနုဖြူ ဇန်နဝါရီ ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊အမှတ်(၁၆)ရပ်ကွက်အနီး ဧရာဝတီမြစ်ကမ်းတာမိုင် (၄၇/၁ နှင့်၄၇/၂) အကြားတွင်ဇန်နဝါရီလ ၁၇ ရက် နံနက် (၁၀)နာရီခွဲအချိန်ခန့်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျား(၁၂၀)ပေ၊ အနံ(၂၅)ပေ ခန့်မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့်မြစ်ကမ်းအနီးရှိနေအိမ် (၅)လုံးအား ဘေးလွတ်ရာသို့ကြိုတင် ပြောင်းရွှေ့ခဲ့ရပြီးလူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း ဓနုဖြူမြို့မရဲစခန်းမှ သိရသည်။

ထက်ဝေဖြိုး






အခြားဆက်စပ်သတင်းများ