နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံထုတ် BAJAJ သုံးဘီးယာဉ်များ ဈေးကွက်မြှင့်တင်ဘဏ်များနှင့် ချိတ်ဆက်အရစ်ကျရောင်းချ၊ အကျိုးတူပူးပေါင်းရန် ဖိတ်ခေါ်

မန္တလေး ဒီဇင်ဘာ ၁၇


အိန္ဒိယနိုင်ငံထုတ် DTS-i အင်ဂျင်နည်းပညာအသုံးပြုထားပြီးရေရှည်အသုံးပြုနိုင်သောBAJAJ အမှတ်တံဆိပ်သုံး ဘီးယာဉ်များဈေးကွက်မြှင့်တင်၍ဘဏ်များနှင့် ချိတ်ဆက်ကာ(၃)နှစ်အရစ်ကျသက်သာသော အတိုးနှုန်းဖြင့်ရောင်းချ    ခြင်းကိုဇန်နဝါရီ၁၆ရက်ကမွန်းလွဲ၂နာရီက မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၇၄လမ်း၊ကျန်စစ်သားလမ်းရှိBAJAJ အရောင်းပြခန်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ဈေးကွက်မန်နေဂျာဒေါက်တာ သက်သက်ဇင်က Bajaj REအမျိုးအစားသုံးဘီးယာဉ်များအား ကျပ်၄၄သိန်း၊ Bajaj Maxima Cအမျိုးအစားသုံးဘီးယာဉ်များအားကျပ်၅၁သိန်းနှင့် Bajaj MaximaZ ဘက်စုံသုံး ယာဉ်အား ၅၅ သိန်းဖြင့်လည်းကောင်း ဘဏ်များဖြင့်ချိတ်ဆက်၍ သက်သာသောအတိုးနှုန်းဖြင့်(၃)နှစ်အရစ်ကျ ရောင်းချမှုများ ရှင်းလင်းပြောကြာသည်။

အိန္ဒိယနိုင်ငံ BAJAJ ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များအား ဈေးနှုန်းချိုသာစွာရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ တွင်စက်ရုံတည်ဆောက်၍ စက်အစိတ်အပိုင်းများတပ်ဆင်ထုတ်လုပ်ရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အသေးစား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ လူထုအကျိုးပြုအသင်းအဖွဲ့များ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးလိုသူများ၊ ရင်းနှီးမြှုပ်နှံလိုသူများကို BAJAJ နှင့်အကျိုးတူပူးပေါင်းရန်ဖိတ်ခေါ်ထားသည်။


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ