နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Save the Children မှ မေတ္တာအိမ်စကားဝိုင်းအစီအစဉ် ကျင်းပပြုလုပ်သွားမည်

ရန်ကုန် ဇန်နဝါရီ   ၁၇


ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေဆဲကာလအတွင်း ကလေးငယ်များ၊ ဆယ်ကျော်သက်များနှင့် အုပ်ထိန်း သူများစသဖြင့် အရွယ်အမျိုးမျိုးတွင်ကြုံတွေ့နေရသည့် စိုးရိမ်ပူပန်မှုများကို အကောင်းမြင်စိတ်ဖြင့်ကျော်ဖြတ် နိုင်မည့် နည်းလမ်းကောင်းများအကြံပြုမျှဝေနိုင်ရန်ရည်ရွယ်ချက်ဖြင့် Save the Children က စီစဉ်ပြုလုပ် သည့် 'မေတ္တာအိမ်' စကားဝိုင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်၊ ၃၀ ရက်နှင့် ဖေဖော်ဝါရီ ၅ ရက်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါစကားဝိုင်းထဲတွင်  ပါဝင်ဆွေးနွေးပေးကြမည့် ဆရာ၊ ဆရာမများက  ပါမောက္ခ ရဲမြင့်ကျော် (ဆရာ လင်္ကာရည်ကျော်)၊  ဆရာမ ခေတ်ဘုန်းသစ်၊ ဒေါက်တာ သက်ထားရွှေစင်ဝင်း တို့က ပါဝင်ဆွေးနွေးပေးသွားကြမည်ဖြစ်သည်။ 

Moderator အနေဖြင့် Save the Children မှ Child Protection in Emergency Adviser ဖြစ်သူ ဆရာမ နန်းခမ်းဟွမ်က ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ‘ဒီကာလကိုကျော်ဖြတ်ဖို့ အကောင်းမြင်စိတ်နဲ့နေကြစို့’ ပိုစတာကို အခြေခံပြီး မျှဝေသွားမည့် အဆိုပါစကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးသွားမည့်အကြံပြုချက်များကို Save the Children ပေ့ချ်တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။                                                    


(WP)






အခြားဆက်စပ်သတင်းများ