နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်​ကာလ ယာယီပိတ်​သိမ်းထား​သော ဟိုတယ်​ကြီးများရှိ​နေပြီး ဟိုတယ်​ဝန်​ထမ်းများအကြား အလုပ်​အကိုင်​အခက်​အခဲများဖြစ်​​ပေါ်

ရန်ကုန်  ဇန်နဝါရီ    ၁၇


COVID-19 ဖြစ်​ပွား​နေသည့် ယခုကာလများအတွင်း ဧည့်သည်​ဝင်​​ရောက်​မှုမရှိ​တော့သည့်အတွက်​ ရန်ကုန်​တိုင်း​ဒေသကြီးအပါအဝင်​ ကျန်​တိုင်း​ဒေသကြီးနှင့်ပြည်​နယ်​များတွင်​ ယာယီပိတ်​ထားရ​သော ဟိုတယ်​ လုပ်​ငန်းများရှိ​နေ​ပြီး ယင်းကဏ္ဍတွင်​ပါဝင်​လုပ်​ကိုင်​​နေ​သော လုပ်​သားများသည်​လည်း အလုပ်​အကိုင်​မရှိသလောက်​နည်းပါးလာကာ အခက်​အခဲများဖြစ်​​ပေါ်​နေ​ကြ​ကြောင်း မြန်​မာနိုင်​ငံဟိုတယ်​လုပ်​ငန်းရှင်​များ အသင်းမှ သိရသည်​။

"အခုကိုဗစ်​ကာလမှာ ဟိုတယ်​​တွေနဲ့တည်းခိုရိပ်​သာ​တွေက ဧည့်သည်​​တွေမဝင်​တဲ့အတွက်​ ပိတ်​ထားတာ​ တွေ မဖွင့်တာ​တွေက​တော့ ဒီကာလမှာရှိ​နေ​တာ​ပေါ့​နော်​။ ဒီလိုအ​​ခြေအ​နေနဲ့ ဟိုတယ်​​တွေ တည်းခိုရိပ်​သာ​ တွေမှာ လုပ်​ကိုင်​​နေကြတဲ့ ဟိုတယ်​ဝန်​ထမ်း​တွေ အခြားမှီခိုအလုပ်​သမား​တွေအတွက်​ကတော့ အလုပ်​အကိုင်​​တွေမရှိ​တော့တာပါ။ ဒီအတိုင်​းပဲဆက်​သွားမယ်​ဆိုရင်​​တော့ကြာလာတာနဲ့အမျှ  အခက်​အခဲ​တွေက လုပ်ငန်းရှင်​​တွေဘက်​မှာ​ရော ဝန်​ထမ်း​တွေ​ရောလုပ်​သား​ဘက်​မှာပါ ထိခိုက်​မှု​တွေကပိုများလာနိုင်​ပါတယ်​"ဟု မြန်​မာနိုင်​ငံဟိုတယ်​လုပ်​ငန်းရှင်​များအသင်း အ​ထွေ​ထွေအတွင်း​ရေးမှူးဦးမင်း​ကျော်​ဦးက ​ပြောသည်​။

ယခုအခါတွင်​  ရန်​ကုန်​​ဒေါင်း​တောင်း ခြောက်​မြို့နယ်​နှင့် အခြားမြို့နယ်​အတွင်းရှိ ဟိုတယ်​နှင့်တည်းခို ရိပ်သာအချို့တွင်​ ယခင်​ခန့်ထား​သောဝန်​ထမ်းများ၊ လုပ်​သားများကို​လျှော့ချကာ ဖွင့်လှစ်​ခြင်း၊ ကိုဗစ်​ကာလ ၏ Hotel Quartine Center များအဖြစ်​ ဖွင့်လှစ်​ခြင်းတို့အပြင်​ ယာယီပိတ်​ထား​သော Hotel များလည်း ရှိ​နေ​ကြောင်း သိရသည်​။

မြန်​မာနိုင်​ငံတွင်​ တရားဝင်​ဖွင့်လှစ်​ ခွင့်ပြုထား​သော ဟိုတယ်​နှင့်တည်းခိုရိပ်​သာအလုံး​ပေါင်း ၂၂၀ဝ ​ကျော်​ရှိရာ ကိုဗစ်​ကာလ ယခုလဇန်​နဝါရီလ ဒုတိယအပတ်​ထိယာယီပိတ်​ထား​သော ဟိုတယ်​နှင်​့တည်းခိုရိပ်​သာ အလုံး​ပေါင်​း ၁၂၀ဝ ​ကျော်​အထိရှိ​နေ​ကြောင်း ဟိုတယ်​နှင့်ခရီးသွားလာ​ရေးညွှန်​ကြားမှုဦးစီးဌာနက သိရသည်။ သက်​ဆိုင်​ရာဝန်​ကြီးဌာနနှင့် တိုင်း​ဒေသကြီးနှင့်ပြည်​နယ်​ အစိုးရအဖွဲ့များက ယာယီပိတ်​ထားရန်​ ညွှန်ကြား ထားခြင်းမရှိ​သော်​လည်း ဟို​တယ်​နှင့်တည်းခိုရိပ်​သာလုပ်​ငန်းရှင်​များအ​နေဖြင့် ကို​ဗစ်​ကာလအတွင်း လာရောက်​တည်းခိုသူများ မရှိသည့်အတွက်​ စီးပွား​ရေးအရတွက်​​ခြေမကိုက်​ညီမှုများ​ရှိပြီး ယာယီ ပိတ်ထားရခြင်​းဖြစ်​​ကြောင်း သိရသည်​။ ပြီးခဲ့သည့်ရက်​ပိုင်းက ရန်​ကုန်​မြို့ရှိ အထင်​ကရ Sule Shangri-La Yangon Hotel သည်​လည်း ဇန်​နဝါရီလ ဒုတိယပတ်​မှစတင်​ကာ ၉ လကြာ ယာယီပိတ်​ထားမည်​ဖြစ်​​ကြောင်း  အဆိုပါ ဟိုတယ်​၏သတင်းထုတ်​ပြန်​ချက်​အရ သိရသည်​။ မင်​းခ






အခြားဆက်စပ်သတင်းများ