နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအချက်အလက်များ DICA ထုတ်ပြန်

ရန်ကုန်  ဇန်နဝါရီ    ၁၇


  လက်ရှိ ဘဏ္ဍာရေးနှစ်သစ်အတွင်း စင်ကာပူနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်ပမာဏမှာ အမေရိကန် ဒေါ်လာ သန်းတစ်ရာ့ခြောက်ဆယ်ကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)က ဇန်နဝါရီဒုတိယအပတ်အတွင်း ထုတ်ပြန်သည့် Yearly Approvedamount of Foreign investment (ByCountry)စာရင်းအရ သိရသည်။

ယခုထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ  နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါး လာရောက်ရင်းနှီးမြှုပ်နှံခဲ့ရာ စင်ကာပူမှ အမေရိကန်ဒေါ်လာ ၁၆၁ ဒသမ ၁၄၄ သန်းဖြင့် အများဆုံးရင်းနှီးမြှုပ်နှံခဲ့ပြီး တရုတ်နိုင်ငံမှ ကန်ဒေါ်လာ ၁၃၃ ဒသမ ၅၃၁ သန်း၊ ထိုင်းမှ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၀၃ သန်း၊ ဟောင်ကောင်မှ ကန်ဒေါ်လာ ၅ ဒသမ ၁၆၂ သန်း၊ မလေးရှားမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်း၊ ဘရူနိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း၊ အိန္ဒိယမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ၊ ဂျပန်မှ ကန်ဒေါ်လာ ဝ ဒသမ ၃ သန်း၊ တောင်ကိုရီးယားမှ အမေရိကန် ဒေါ်လာ ၅ သန်း၊ ဗြိတိန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၈၃ သန်း၊ ဗီယက်နမ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း၊ မာရှယ်လ်ကျွန်းစုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇ သန်းနှင့် ထိုင်ဝမ်မှ အမေရိကန်ဒေါ်လာ ဝ ဒသမ ၄၄၃ သန်း လာရောက်ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ဒီဇင်ဘာလအထိ FDI ဝင်ရောက်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၄၈ ဒသမ ၈၃၅ သန်းရှိခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်သစ် ပထမဆုံးလဖြစ်သည့် အောက်တိုဘာလအတွင်း ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁၇ သန်းကျော်တွင် စင်ကာပူနိုင်ငံက လုပ်ငန်းစီမံချက် ၂ ခုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၉  သန်းသာ လာရောက် ရင်းနှီးမြှုပ်နှံရန် အဆိုပြုခဲ့ပြီး၊ နိုဝင်ဘာလတွင် လုပ်ငန်းစီမံချက် ၁ ခုအတွက် တရုတ်နိုင်ငံမှ ကန်ဒေါ်လာ ၃၀ ဒသမ ၆၉ သန်း လာရောက်အဆိုပြုခဲ့ပြီး ဒီဇင်ဘာလတွင် လုပ်ငန်းစီမံချက် ၃ ခုအတွက် အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ဝ၆၄ သန်းလာရောက်ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ၃ လအတွင်း စင်ကာပူနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ သည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆၁ ဒသမ ၁၄၄ သန်းအထိရှိခဲ့ကြောင်း DICA ၏ စာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း  ဒေါ်လာ သန်း ၄၀ဝ အထက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅ နိုင်ငံရှိရာ  စင်ကာပူမှ ၁၈၅၉ ဒသမ ၂၀၉ သန်း၊ ဟောင်ကောင်မှ အမေရိကန်ဒေါ်လာ ၁၄၂၂ ဒသမ ၃၃၆ သန်း၊ ဂျပန်မှ အမေရိကန်ဒေါ်လာ  ၇၆၈ ဒသမ ၄၆၆ သန်းနှင့် တရုတ်မှ အမေရိကန်ဒေါ်လာ ၅၅၃ ဒသမ ၃၁၀ သန်း၊ ဗြိတိန်မှ အမေရိကန်ဒေါ်လာ ၄၂၅ ဒသမ ၁၅၇ သန်းဖြင့် အစဉ်လိုက်အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံ  ထားကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ