နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်လိုင်းပေါ်တွင် လိုက်လံခါးပိုက်နှိုက်နေသူ ၄ ဦး ဖမ်းဆီး အရေးယူ

ရန်ကုန်၊ ဇန်နဝါရီ  ၁၇


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ဇွန် ၁၃ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများနှင့် YBS ကား မှတ်တိုင်များတွင် ခါးပိုက်နှိုက်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက်ကားမှတ်တိုင်၌ YBS-7 ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်သတင်း ရှိသူ ဇော်လတ်(ခ)ရှထစ် အား တွေ့ရှိစစ်ဆေးရာ ၎င်းလွယ်ထားသောကျောပိုးအိတ်အတွင်းမှ ငွေ  ၂၈,၅၀၀ ကျပ်မှာ အဆိုပါယာဉ်ပေါ်ပါ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသမီး(၁)ဦး၏ လက်ကိုင်အိတ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ပါသည်။

အလားတူ ဇွန် ၁၅ ရက်၊ နံနက် ၉ နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်း ကားမှတ်တိုင်၌ YBS-42 ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်သတင်းရှိသူ နေဖုန်းအောင်(ခ) ဖိုးဇော်(ခ)ညီညီ၊ နိုင်လင်းဝေနှင့် ကျော်ဆန်းလွင်တို့ ၃ ဦးအား တွေ့ရှိစစ်ဆေးရာ ၎င်းတို့လက်အတွင်း ကိုင်ဆောင်ထားသော ငွေ ၂၁,၀၀၀ ကျပ် မှာ အဆိုပါယာဉ်ပေါ်ပါ အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသား(၁)ဦး၏ ကျောပိုးအိတ်အတွင်းမှ လူကာ၍ နှိုက်ယူခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းပြီး ခါးပိုက်နှိုက်မှု ကျူးလွန်သူ ဇော်လတ်(ခ)ရှထစ်နှင့် နေဖုန်းအောင်(ခ)ဖိုးဇော်(ခ)ညီညီ ပါ(၃)ဦးကို ဥပဒေနှင့် အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ