နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ဆည်မြို့၌ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းဖြတ်စများ ဖမ်းဆီးရမိ

ကျောက်ဆည်၊ ဇန်နဝါရီ  ၁၆

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဇန်နဝါရီ ၁၀ ရက်က တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းဖြတ်စများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
 ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်၊ ည ၉ နာရီခွဲအချိန်က ကျောက်ဆည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်-မန္တလေးလမ်းဟောင်း လက်ပံရဲကင်း၌ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မန္တလေးမြို့မှ ရန်ကုန်မြို့ဘက်သို့ ကျောက်ဆည်မြို့၊ မြို့ဦးရပ်ကွက်နေ မင်းအောင်(ခ)အိလိယက်(၂၉)နှစ်မောင်းနှင်ပြီး ဝေလင်းအောင်(ခ)ဟာဆန် (၃၅)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းဖြတ်စ(၃၂)တုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မင်းအောင်(ခ)အိလိယက်ပါ ၂ ဦးအား ကျောက်ဆည်မြို့မရဲစခန်း(ပ)၃၃/၂၀၂၁၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁(က)/ ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ