နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့က ဦးဆောင်ကာ အမှိုက်ကောက်၊ အမှိုက်သိမ်းခြင်းများဆောင်ရွက်

ညောင်ဦး    ဇန်နဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး၊  ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဇန်နဝါရီ ၁၆ရက်နေ့ နံနက်ပိုင်းက ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက်အဖွဲ့အသီးသီမှ ပူးပေါင်းပါဝင်ကာ ပလတ်စတစ်အမှိုက်ကောက်ခြင်းနှင့် ပေါင်းမြက်များရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပုဂံပလတ်စတစ်ကမ်းပိန်းအဖွဲ့ဥက္ကဌ ဦးတင့်ဆွေထံကသိရသည်။

ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်းအဟောင်မှစတင် ကာ အလိုတော်ပြည့်ကျောင်းတိုက်အရှေ့ဘက်လမ်းဘေး ဝဲ/ယာရှိ ချုံနွယ် ပိတ်ပေါင်းထူနေသည့်  မြက်တောများ၊ ပလတ်စတစ်အမှိုက်များ၊ တစ်ခါသုံး ဖော့ဘူးခွံများကို ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့၊  Oriental Balloons  အဖွဲ့မှဝန်ထမ်းများ၊ STT Balloon အဖွဲ့မှဝန်ထမ်းများ ၊Golden Eagle Balloonအဖွဲ့မှဝန်ထမ်းများ၊BOB Balloon ဝန်ထမ်းများ၊ ရွှေဘီပရဟိတလူငယ်အဖွဲ့၊ ထွန်းကော်မာရှယ်ဘဏ်၊ မိခင်နှင့်ကလေးအဖွဲ့များစုပေါင်းကာ ချုံနွယ်များရှင်းလင်းကြကြောင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့ အတွင်းရေးမှူး ဦးမိုးမင်းအောင်ကရှင်းပြသည်။

ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အား ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့မှ ဦးဆောင်ကာ စနေနေ့တိုင်း ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
                       
ကိုထိန်၊KPD






အခြားဆက်စပ်သတင်းများ