နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "၀" ဥ စိုက်ပျိုးနည်းသင်တန်းဆင်းပွဲပြုလုပ်

ဝန်းသို   ဇန်နဝါရီ  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အဆုံး အောင်းပင်အုပ်စု၊ လက်ပံကျင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် တောင်သူဦးကြီးများ တစ်နိုင်တပိုင် "၀"ဥ စိုက်ပျိုးထုတ် လုပ်နိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျင့်စဉ်ဆိုင်ရာ အကြောင်းအရာ များကို အသိပညာတိုးပွားရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု " ဝ"ဥ စိုက်ပျိုး နည်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းကို (၅)ရက်ကြာဖွင့်လှစ်သင်ကြားခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့စဉ်။
ကျော်မြိုင် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ