နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး အလှူငွေများ လှူဒါန်းနိုင်

ဂန့်ဂေါ  ဇန်နဝါရီ   ၁၆

မကွေးတိုင်းဒေသကြီး၊   ဂန့်ဂေါမြို့နယ်၌ နိုင်ငံတော်၏  COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းနိုင်ရန်ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အလှူတော်ကောက်ခံရေးကော်မတီသို့ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူးဦးကျော်မင်းညိုမိသားစုက အလှူငွေ ကျပ်(၅)သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အလှူငွေကျပ်(၅)သိန်းနှင့် ဦးမြို့ဖေ+ ဒေါ်စန်းစန်းမူ (မြို့ဖေမိသားစုစက်သုံးဆီရောင်းဝယ်ရေး)က အလှူငွေကျပ်(၃၀)သိန်းစုစုပေါင်းသိန်း(၄၀)ကျပ်တို့ကို မတည်ငွေအဖြစ် အလှူခံရရှိပြီးဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီပထမပတ်အတွင်း ဂန့်ဂေါမြို့နယ်မှ ပထမအကြိမ်အဖြစ် ထည့်ဝင်လှူဒါန်းမည်ဖြစ် ကြောင်းနှင့် ဖုန်း ၀၆၂၅၀၀၀၈၊ ၀၉၄၀၀၃၀၂၄၈၇ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း အလှူတော်    ကောက်ခံရေးကော်မတီအတွင်းရေးမှူး ဦးတင်သောင်းထံမှ သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)






အခြားဆက်စပ်သတင်းများ