နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
GIZ မြန်မာ၏ ပဉ္စမအကြိမ်မြောက်၂၀၂ဝပြည့်နှစ်ဘဏ်လုပ်ငန်းဆိုင်ရာ အစီရင်ခံစာ စာအုပ်မိတ်ဆက်

ရန်ကုန်  ဇန်နဝါရီ   ၁၆

ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)မြန်မာ၏ ပဉ္စမအကြိမ်မြောက် ၂၀၂ဝ ပြည့်နှစ် ဘဏ်လုပ်ငန်းဆိုင်ရာ အစီရင်ခံစာ စာအုပ်မိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၅ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ Pan Pacific Hotel ၌  ကျင်းပသည်။

အဆိုပါမိတ်ဆက်ပွဲတွင် GIZ မြန်မာ၏ Country Director ဖြစ်သူ Dr. Petra Mutlu က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံသံအမတ်ကြီး Mr. Thomas Neisinger နှင့်    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချူပ်ဒေါ်သန်းသန်းဆွေတို့က အမှာစကားပြောကြားသည်။

ထိုနောက်(Finance in Motion၏ယခင်ဘုတ်အဖွဲ့ဥက္ကဌ) Dr. Klaus Maurer က အစီရင်ခံစာ တွင်ဖေါ်ပြထားသော အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ "ဘဏ်လုပ်ငန်းကဏ္ဍ၏လက်လှမ်းမီမှုနှင့်ဘဏ္ဍာရေးတည်ငြိမ်မှု " ခေါင်းစဉ်ဖြင့်စကားဝိုင်း ဆွေးနွေးပွဲတွင်Mr. Aimin Hofmann(GIZ Myanmar ) က ဦးဆောင်ပါဝင်ဆွေးနွေးပြီး(Finance in Motion၏ယခင်ဘုတ်အဖွဲ့ ဥက္ကဌ) Dr. Klaus Maurer ကလည်းကောင်း Ms. Khin Thida Maw Country Officer (IFC Myanmar)က လည်းကောင်း Mr. Neil Saker Country Representive (IMF Myanmar)ကလည်းကောင်း Mr. Hans Anand Beck Lead Economist (World Bank Myanmar)ကလည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထိုနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ပုဂ္ဂလိကဘဏ်များနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှ တာဝန် ရှိသူများကို ပဉ္စမအကြိမ်မြောက်မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍဆိုင်ရာ အစီရင်ခံစာ စာအုပ်များကိုလွှဲပြောင်း ပေးအပ်ခဲ့သည်။
ယင်းနောက် Mr. Armin Hofmann က နိဂုံးချူပ်အမှာစကားပြောကြားပြီး မိတ်ဆက်ပွဲအခမ်း အနားကိုရုပ်သိမ်းလိုက်သည်။

အဆိုပါ GIZ မြန်မာ၏အစီရင်ခံစာတွင် COVID - 19 အကြပ်အတည်းကာလမတိုင်မီနှင့် အကြပ်အတည်းကာလ အတွင်း ပြုပြင်ပြောင်းလဲမှုများ COVID - 19 ၏ အကျိုးသက်ရောက်မှုကို လျော့ပါးစေရန်အားထုတ်မှုများ နှင့် ဤပြုပြင်ပြောင်းလဲမှုများ၏ ဘဏ်လုပ်ငန်းကဏ္ဍအပေါ်အကျိုးသက်ရောက်မှုများနှင့်ဘဏ္ဍာရေးဆိုင်ရာတည်ငြိမ်မှုအတွက် တွန်းအားပေးလုပ်ဆောင်ရမည့်အချက်များကို တင်ပြထားကြောင်း သိရသည်။

GIZ သည် ဘဏ်လုပ်ငန်းကဏ္ဍနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏ ရည်ညွှန်းစာအုပ်ကောင်းတစ်အုပ်     ဖြစ်သော မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍဆိုင်ရာ အစီရင်ခံစာများကို ၂၀၁၄ ခုနှစ်ကတည်းက စတင် ထုတ်ဝေ ခဲ့ကြောင်း  သိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ