ကျောင်းကုန်း ဇန်နဝါရီ ၁၆
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်အယ်သီဖောက ပုသိမ်ခရိုင်အဆင့်တွင် ဒုတိယရရှိသောမြို့နယ်ဖြစ်သဖြင့် ဝမ်းသာဂုဏ်ယူပါကြောင်း၊ အခမ်းအနားဖြစ်မြောက်အောင် ကူညီပေးသူ အားလုံးနှင့်အလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး (၅)ဘာသာဂုဏ်ထူးရှင်(၅ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၇)ဦး(၃)ဘာသာဂုဏ်ထူးရှင်(၂၂)ဦးတို့နှင့် အောင်ချက်အကောင်းဆုံး အ.ထ.ကကျောင်း များ၊အ.ထ.က(ခွဲ)ကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေး ခဲ့စဉ်။
ဝင်းကြိုင်(ပြန်/ဆက်)