နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရိုးကုန်းပျံကျဈေး၊ သီတာလမ်းပျံကျဈေး လမ်းနယ်ကျူးဆိုင်များ ရှင်းလင်း

ရန်ကုန်  ဇန်နဝါရီ   ၁၆

တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အရိုးကုန်းပျံကျဈေးနှင့်သီတာလမ်းပျံကျ ဈေးများကို ဇန်နဝါရီ ၁၆ ရက်က စနစ်တကျရှိစေရေးအတွက် ရှေ့ကျူးအဖီအဆွယ်အခိုင်အမာများ ဖျက်သိမ်း စေခြင်း၊ ဆိုင်အမိုး(အသေ) များ ဖျက်သိမ်းစေခြင်းနှင့် လမ်းနယ်ကိုချန်လှန်ကာ နောက်သို့ ၃ ပေ၊ ၄ ပေ ဆုတ် ၍ ဆိုင်ခင်းခြင်း၊ ပျံကျဈေးကို မွန်းလွဲ ၁၂ နာရီခွဲထက် နောက်မကျဘဲ သိမ်းဆည်းပေးကြရန်နှင့် စည်ပင်မြေ ပေါ်၌ မည်သည့်ပစ္စည်းမှ ချန်ရစ်မထားဘဲ အကုန်သိမ်းဆည်းခြင်း၊ မိမိပတ်ဝန်းကျင်၌ သန့်ရှင်းရေးဆောင်ရွက် ကြရန်နှင့်ကျန်ရှိပစ္စည်းများဆိုင်ခုံများကို အမှိုက်အဖြစ်သိမ်းဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာမွေ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။

မောင်မောင်






အခြားဆက်စပ်သတင်းများ