နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြောင်းအရွှေ့အေးဂျင့်တွေ လှုပ်ရှားစျေးကစားနိုင်ဖို့အတွက် ဆောင်းရာသီစျေးကွက်

ဇန်နဝါရီ   ၁၆

လက်ရှိဇန်နဝါရီအပြောင်းရွှေ့ကာလမှာ ကလပ်အသင်းတွေအနေနဲ့ စာချုပ်ရှိကစားသမား တစ်ယောက်ကို ချဉ်းကပ်မယ်ဆိုရင် သက်ဆိုင်ရာအသင်းရဲ့ခွင့်ပြုချက်လိုပြီး စာချုပ်လက်ကျန် (၆)လ ဒါမှမဟုတ် လာမယ့်နွေမှာ စာချုပ်ကုန်တော့မယ်ဆိုရင် ကြိုက်နှစ်သက်သလို ချိတ်ဆက်လို့ရပါတယ်။ လာမယ့် ၂၀၂၀ ဇွန်မှာလည်း စာချုပ်ကုန်ဆုံးမယ့် ကစားသမားတွေကိုကြိုပွိုင့်ရိုက်မယ်ဆိုရင် ဒီဇန်နဝါရီမှာ ကြိုတင်သဘောတူညီထား လို့ရပါတယ်။ လက်ရှိစျေးကွက်မှာ မက်ဆီလိုကစားသမားမျိုးကို အလွတ်ခေါ်ယူလို့ရမယ် မထင်ကြပါဘူး။ ဒါပေမယ့် မက်ဆီကတော့ စာချုပ်သစ်တိုးဖို့ထက် လာမယ့်နွေမှာ ဘယ်ကိုပြောင်းမလဲဘဲ စဉ်းစားနေရပါပြီ။ သူကိုယ်တိုင်ကတော့ လာမယ့်နွေမှပဲ သူ့အနာဂတ်ကို သတ်မှတ်မယ်လို့ဆိုပေမယ့် ယခုအချိန်မှာထဲက ဥရောပရဲ့ ကြိုက်နှစ်သက်ရာအသင်းတစ်သင်းနဲ့ တရားဝင်ဆွေးနွေးခွင့်ရှိနေပြီလည်းဖြစ်ပါတယ်။

အလာဘာကတော့ ဘိုင်ယန်မှာ ငယ်စဉ်ထဲက ကစားခဲ့ပေမယ့် အခုဥရောပကို ပြောင်းရွှေ့ချင်နေပါပြီ။ အလာဘာဟာ အသက်ကြီးပြီထင်ရပေမယ့် (၂၇)နှစ်သာရှိသေးပြီး အတွေ့အကြုံက များပြားတဲ့ကစားသမား ဖြစ်ပါတယ်။ လက်ရှိမှာ သူကလည်း အသင်းကြီးတွေနဲ့ဆွေးနွေးနေပြီး ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ ဖြစ်ဖို့များနေပါတယ်။

ဆာဂျီယိုအဂွဲရိုးကတော့ မန်စီးတီးရဲ့ သက်တမ်းရှည်အဓိကတိုက်စစ်မှုး၊ ပရီးမီးယားလိဂ် ဖလားပထမဆုံးသယ်ဆောင်ပေးခဲ့သူ လိဂ်သမိုင်းမှာ အကောင်းဆုံးဂိုးသွင်းစက်ပဲဖြစ်ပါတယ်။ လက်ရှိမှာ အဂွဲရိုးကလည်း စာချုပ်သစ်ချုပ်ဆိုဖို့ကို ကြန့်ကြာနေပါတယ်။ အဂွဲရိုးကိုတော့ ယူဗင်းတပ်စ်၊ ပီအက်စ်ဂျီတို့က အလိုရှိနေပါတယ်။ ရာမိုစ့်ကတော့ ရီးရဲလ်သမိုင်းမှာ မေ့ပျောက်ပြစ်ပယ်လို့မရတဲ့ ဂန္ထဝင်တွေထဲက ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ခံစစ်မှူးတစ်ယောက်အနေနဲ့ သွင်းဂိုးရာကျော်သွင်းယူပေးထားသလို အကယ်ဒမီကနေထွက်ပေါ်လာပြီး လော့စ်ဘလန့်ကိုစ့်အတွက် ဖြစ်နိုင်သမျှအရာအားလုံးကို စွမ်းဆောင် ပေးခဲ့သူပါ။ လက်ရှိမှာ သုံးနှစ်စာ စာချုပ်သစ်ချုပ်ဆိုချင်ပေမယ့် ရီးရဲလ်က တစ်နှစ်ကမ်းလှမ်းထားလို့ တုံ့ဆိုင်းနေကာ နွေမှာအသင်းပြောင်းဖို့ရေပန်းစားနေပါတယ်။

 (SO)






အခြားဆက်စပ်သတင်းများ