နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြာမယ်တစ်ဦးကို အမှုဆောင်ခန့်လိုက်တဲ့ ဝက်စ်ဟမ်းအသင်း

ဇန်နဝါရီ   ၁၆

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိမှာ အောင်မြင်မှုနဲ့ဝေးကွာနေပေမယ့် တကယ်တမ်း အင်္ဂလန်ပြည်တွင်းမှာ ပရိသတ်အားပေးမှု မြင့်မားနေတဲ့အသင်းပါပဲ။ ယနေ့ခေတ်မှာ ကြီးမားတဲ့အောင်မြင်မှုမရှိပေမယ့် အင်္ဂလန်
ဘောလုံးသမိုင်းရဲ့သက်တမ်းရှည်အသင်းတစ်သင်းပဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းအကယ်ဒမီက ယခင်ထဲက နာမည်ကျော်များစွာကို မွေးထုတ်ထားနိုင်သလို သူတို့ရဲ့ ကျော်ကြားတဲ့ဂုဏ်သတင်းဟာ အင်္ဂလန်တစ်ဝိုက်မှာ ပိုမိုကြီးမားကျယ်ပြန့်ပါတယ်။ ဒီလိုအသင်းမျိုးက အပြာမယ်တစ်ယောက်ကို အသင်းခေါင်းကြီးပိုင်းမှာ ရာထူးတစ်ခုခွင့်ပြုပေးခဲ့တယ်ဆိုတာကတော့ ထူးဆန်းပါတယ်။
အပြာမယ်တစ်ယောက်ဆိုပေမယ့် နိုင်ငံတကာမှာတော့ တရားဝင်အခွန်ဆောင်ရတာကြောင့် တရားဝင်အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ မထင်ခဲ့တဲ့ ဘုတ်အဖွဲ့ရာထူးမျိုး ဝက်စ်ဟမ်းအသင်းကသူတို့ရဲ့ ပူးတွဲဥက္ကဋ္ဌ ဒေးဗစ်ဆူလိုင်မန်ရဲ့ ထောက်ခံချက်နဲ့ အတူအပြာမင်းသမီးဟောင်း ဗော်လေ ကို သူ့ရဲ့သားဖြစ်သူ ဒေ့ဗ်နဲ့ပူးတွဲခန့်အပ်ခဲ့ကြတာပါ။

လက်ရှိမှာ အသက်(၅၅)နှစ်အရွယ် ဗော်လေဟာ ၁၉၉၀-၂၀၀၀ ပြည့်နှစ်တွေက အပြာမင်းသမီးလုပ်ခဲ့တာ ဖြစ်ပြီး ဒီလောကကနေထွက်ခွာခဲ့တာကတော့ နှစ်(၂၀)ဝန်းကျင်ရှိနေပါပြီ။ သူမကိုထောက်ခံပေးခဲ့တဲ့ ဆူလိုင်ဗန်က ဝက်စ်ဟမ်းမှာ ရှယ်ယာများစွာပိုင်ဆိုင်ထားသလို အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံရှိသူပါ။ လန်ဒန်ကွင်းကို ပြောင်းရွှေ့ပြီးနောက် ဆူလိုင်ဗန်က ဥရောပဝင်ခွင့်ရရှိမယ်လို့ယုံကြည် နေပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ လက်ရှိအဆင့်တစ်ဆယ်မှာရပ်တည်နေပြီး မိုရက်စ်လက်အောက်မှာ ခြေစွမ်းကောင်းတွေရနေပါတယ်။ ဒါ့ပေမယ့် ဆူလိုင်ဗန်က ဥရောပဝင်ခွင့်အလိုရှိနေလို သူ့ရဲ့ဝင်ငွေလမ်း ကြောင်းတိုးချဲ့ဖို့ မိသားစုတွေကို ဒါရိုက်တာ၊ ဘုတ်အဖွဲ့ထဲထည့်သွင်းနေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဘုတ်အဖွဲ့ထဲမှာ မိသားစုဝင်တွေများလာတာနဲ့အမျှ ဝင်ငွေကမိသားစုထဲပိုမိုစီးဝင်လာတာမျိုးကို ဆူလိုင်ဗန်က လိုလားနေတာပဲဖြစ်ပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ