နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ဇူကစ်ကိုခေါ်ယူရန် အေစီမီလန်အသင်းနီးစပ်နေ

ဇန်နဝါရီ   ၁၆

အေစီမီလန်အသင်းသည် အသင်းလက်မဲ့ဖြစ်နေသည့် ခရိုအေးရှားအသင်းတိုက်စစ်မှူး မန်ဇူကစ်ကို ခေါ်ယူရန် နီးစပ်နေကြောင်းသိရသည်။ အသက် ၃၄ နှစ်အရွယ်ရှိ မန်ဇူကစ်သည် ပြီးခဲ့သည့် နွေရာသီကာလ ကတည်းက အသင်းလက်မဲ့ဖြစ်နေသည့်ကစားသမားဖြစ်ပြီး အေစီမီလန်အသင်းက တိုက်စစ်အင်အား ဖြည့်တင်းရန်အတွက် ယင်းကိုခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မန်ဇူကစ်သည် ဂျူဗင်တပ်အသင်းနှင့်အတူ ၂၀၁၈ ခုနှစ်က စီးရီးအေချန်ပီယံဆုဖလားကိုဆွတ်ခူးရရှိခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ကာတာကလပ် အယ်လ်ဒူဟဲလ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

သို့သော် အယ်လ်ဒူဟဲလ်အသင်းတွင် တစ်ရာသီသာကစားခဲ့ပြီး နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းခဲ့ပြီး             အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ အေစီမီလန်အသင်းသည် မန်ဇူကစ်ကို ခြောက်လသက်တမ်းရှိ စာချုပ် တစ်ရပ်ဖြင့်ကမ်းလှမ်းထားပြီး စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါက လက်ရှိရာသီကုန်တွင် စာချုပ်သစ်အတွက် ယင်းနှင့်ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။   
                                                                    (သူရိန်)






အခြားဆက်စပ်သတင်းများ