နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
IFFHS အဖွဲ့က ချီးမြှင့်တဲ့ ဆယ်စုနှစ် အကောင်းဆုံးနည်းပြဆုကို ဆီမြွန်နီရရှိ

ဇန်နဝါရီ   ၁၆

နိုင်ငံတကာဘောလုံးအမွေအနှစ်နဲ့ နည်းဗျူဟာစောင့်ကြည့်လေ့လာရေး(IFFHS)က ချီးမြှင့်တဲ့ ဆယ်ဆုနှစ် အကောင်းဆုံးနည်းပြဆုအတွက် အဖွဲ့ရဲ့မှတ်ချက်မှာ ''ဒီယေဂိုဆီမြွန်နီဟာ သူရဲ့ကလပ်အေတီကိုနဲ့ သိပ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသခဲ့ပါတယ်။ လာလီဂါ(၁)၊ ကိုပါဒယ်ရေး(၁)၊ စူပါကိုပါ(၁)၊ ယူရိုပါလိဂ်(၁)၊ ယူအီးအဖ်အေစူပါကပ်(၁)၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲနှစ်ကြိမ်တိုင်တက်ရောက်နိုင်ခဲ့ပါတယ်။ ဆီမြွန်နီရဲ့ ပြုပြင်ပြောင်းလဲမှု သူ့ရဲ့အစွမ်းအစတွေကြောင့် ၂၀၁၁-၂၀၂၀ ဆယ်စုနှစ်အတွက် ဆုကိုရရှိသွားခြင်း ဖြစ်ပါတယ်လို့ဖော်ပြခဲ့ပါတယ်။ ဇီဒန်းဆိုတာ ၂၀၁၀-၂၀၂၀ အတွင်း ချန်ပီယံလိဂ်သုံးကြိမ်ဆက်ရခဲ့တဲ့ ကမ္ဘာပေါ်မှာတစ်ဦးတည်းသော နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သုံးကြိမ်ဆက်တက်ခဲ့ကာ ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက်ရယူခဲ့ပြီး ၂၀၁၀-၂၀၂၀ ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံးနည်းပြဆုကို ဇီဒန်းရရှိနိုင်တယ်ဆိုတဲ့မှတ်ချက်တွေလည်းထွက်ပေါ်ခဲ့သလို ဘာစီလိုနာ၊ ဘိုင်ယန်၊ မန်စီးတီးတို့မှာ အောင်မြင်ခဲ့တဲ့ ဂွာဒီယိုလာလည်းဆုရနိုင်တယ်လို့ ရေပန်းစားပေမယ့် ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံး နည်းပြဆုကိုရရှိသွားသူကတော့ အေတီကိုနည်းပြကြီး ဒီယေဂိုဆီမြွန်နီပါ။ အေတီကို ကို တည်ငြိမ်စွာ အဆင့်အတန်းတစ်ခုမှာ ကာလရှည်ကြာထိန်းထားနိုင်တာကြောင့် အမှတ်ပေးစနစ်အရ ဆီမြွန်နီက ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အမှတ်ပေးစနစ်အရ ဂွာဒီယိုလာ (၂)၊ ကလောပ့်(၃)တို့က ဆီမြွန်နီနောက်မှာ အသီးသီးရပ်တည်နေပြီး ချန်ပီယံလိဂ်ဘုရင်ဖြစ်လာတဲ့ ဇီဒန်းက အမ်မရီနောက်အဆင့်(၇)မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ အက်တလက်တီကို ကိုရောက်ရှိပြီး မကြာခင်မှာဘဲ လာလီဂါဆုဖလားဆွတ်ခူးခဲ့သလို အောင်မြင်တဲ့ကစားသမားများစွာကိုလည်း ဆီမြွန်နီကမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။  လက်ရှိရာသီမှာလည်း (၁၆)ပွဲကစားကာ (၄၁)မှတ်ရရှိထားပြီး ဒုတိယနေရာက ရီးရဲလ် (၃၇)မှတ်ကို လေးမှတ်ဖြတ်ထားသလို အေတီကို လက်ထဲမှာ နှစ်ပွဲကျန်နေသေးလို့ အဆင်မချောရင် လာလီဂါဖလားက အေတီကိုရဲ့ကွင်းကြီးမှာ နန်းစိုက်သွားနိုင်ပါတယ်။ ဆီမြွန်နီရဲ့ ခံစစ်ကစားမှုအနုပညာနဲ့အတူ အေတီကိုဟာ ဥရောပမှာ ကန်ရခက်တဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပါပြီ။

(SO)






အခြားဆက်စပ်သတင်းများ