နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမှိုက်ပုံကို တူးဖော်ခွင့်ပေးပါက ဒေါ်လာသန်း ၇၀ ပေးမည်ဟု ဗြိတိန်နိုင်ငံသားတစ်ဦး ကမ်းလှမ်း

လန်ဒန်  ဇန်နဝါရီ  ၁၆

Bitcoin ဒီဂျစ်တယ်ငွေကြေးများ သိမ်းဆည်းထားသည့် hard drive ကို အမှိုက်ပုံးထဲသို့ မှားယွင်းပြီး လွှင့်ပစ်မိခဲ့သည့် ဗြိတိန်နိုင်ငံသားက အမှိုက်ပုံကိုတူးဖော်ခွင့်ပေးပါက အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ခွဲဝေပေးမည်ဟု ဒေသခံအာဏာပိုင်များကို ကမ်းလှမ်းထားသည်။ IT ပညာရှင် ဂျိမ်းစ်ဟောင်းဝဲလ်မှာ ၂၀၁၃ ခုနှစ် ဇွန်လမှ သြဂုတ်လကြားကာလအတွင်း bitcoin ၇၅၀၀ သိမ်းဆည်းထားသည့် hard drive ကို လွှင့်ပစ်မိခဲ့သည်။ ဂျိမ်းစ်ဟောင်းဝဲလ်မှာ ၂၀၀၉ ခုနှစ်တွင်  bitcoin တန်ဖိုးနည်းပါးချိန်တွင် ဝယ်ယူစုဆောင်း ထားခြင်းဖြစ်သည်။ သို့သော်  bitcoin တန်ဖိုးတစ်ဟုန်ထိုးမြင့်တက်လာ၍ hard drive ကို ရှာဖွေချိန်တွင် အမှိုက်များနှင့်အတူ မှားယွင်းလွှင့်ပစ်မိခဲ့ကြောင်း ရိပ်မိသွားခဲ့သည်။

လက်ရှိအချိန်တွင် bitcoin တန်ဖိုး ထပ်မံမြင့်တက်လာ၍ ဂျိမ်းစ်ဟောင်းဝဲလ်က hard drive ရှိနေနိုင် သည်ဟုယူဆသည့် အမှိုက်ပုံတစ်စိတ်တစ်ဒေသကို တူးဖော်ခွင့်ပေးရန် ဝေးလ်နိုင်ငံ နယူးပို့တ်မြို့တော် ကောင်စီထံ ကမ်းလှမ်းခဲ့သည်။ ယင်းကို အမှိုက်ပုံတူးဖော်ခွင့်ပေးပါက ပျောက်ဆုံးနေသည့် bitcoin များ၏ လက်ရှိတန်ဖိုး ၄ ပုံ၊ တစ်ပုံကို ပေးမည်ဟု ဆိုသည်။
 
၂၀၀၉ ခုနှစ်တွင် Satoshi Nakamoto ဟု အမည်ရသည့် ပရိုဂရမ်မာတစ်စု ဖန်တီးခဲ့သည့် ဒီဂျစ်တယ် ငွေကြေး bitcoin မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စံချိန်တင် တန်ဖိုးမြင့်တက်မှုအဖြစ် bitcoin တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၃၇၀၀၀ အထိ ရှိလာခဲ့သည်။ ထို့ကြောင့် ဂျိမ်းစ်ဟောင်းဝဲလ်၏ ပျောက်ဆုံးနေသည့် Bitcoin တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇၃ သန်းနီးပါးရှိသည်။                                                        

(KNT)






အခြားဆက်စပ်သတင်းများ